roundup

လွှတ်တော်သတင်းများ (၃ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဆက်သွယ်ရေးကွန်ယက်များ တိုးချဲ့ခြင်းကြောင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ရှိ၊ မရှိ ဆွေးနွေး
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် (၁၉)ရက်မြောက်နေ့ နံနက်၁၀နာရီတွင် မေးခွန်း(၃)ခု မေးမြန်းခြင်းနှင့် ဥပဒေကြမ်းတင်သွင်းခြင်းကို ဆောင်ရွက်
  • အစည်းအဝေးတွင် ပခုက္ခူမဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ဆက်သွယ်ရေးနှင့်ပတ်သက်သော မေးခွန်းနှင့် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ ရေကြောင်းပို့ဆောင်ရေးနှင့် ပတ်သက်သောမေးခွန်းနှင့် အကယ်၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်းမေးခွန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ ဖြေကြား
  • ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးကျော်စိုးလင်းမှ ဥပဒေကြမ်းနှင့် ပတ်သက်၍ တင်သွင်း
  • ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်မှ အစီရင်ခံစာ ဖတ်ကြား၊ လွှတ်တော်ဥက္ကဌမှ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသော ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာ
  • ပါကစ္စတန်အစ္စလာမ္မစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဌ၏ ပြည်သူ့လွှတ်တော်ဥက္ကဌထံ ပေးပို့သော ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို လွှတ်တော်က မှတ်တမ်းတင်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး၊ မေးခွန်းနှစ်ခု မေးမြန်းဖြေကြားခြင်းနှင့် အရေးကြီးအဆိုတစ်ခုတင်သွင်း
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၁၇)ရက်မြောက်နေ့ကို နံနက်၁၀နာရီတွင် ကျင်းပ
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် သက်ဆိုင်သည့် မေးခွန်းနှစ်ခု မေးမြန်းဖြေကြားခြင်း၊ ၁၉၇၄ ခုနှစ်က ပြဌာန်းခဲ့သည့် ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အဆိုတင်းသွင်းခြင်းနှင့် အရေးကြီးအဆိုတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်
  • မကွေးမဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွှန်နှင့် ရှမ်းမဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်တို့၏ ရွေးကောက်ပွဲကောင်မရှင်နှင့်ပတ်သက်သော မေးခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကောင်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ဖြေကြား
  • စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်းက ပြည်သူ့ကောင်စီဥပဒေ (ဥပဒေအမှတ် ၈/၁၉၇၄)ကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်သွင်း၊ အဆိုကို လွှတ်တော်ဥက္ကဌမှ လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်းကြေညာ
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်မှ AA အဖွဲ့ကို နိုင်ငံရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း အရေးကြီးအဆိုတင်သွင်းရာ ရခိုင်မဲဆန္ဒနယ် အမှတ်(၆)မှ ဦးကျော်ကျော်ဝင်းက ထောက်ခံဆွေးနွေး
  • အဆိုပါအရေးကြီးအဆိုနှင့်စပ်လျဉ်း၍ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဆန်းချစ်က အဆိုရှင်တင်သွင်းသွားသည့်အထဲတွင် AAတပ်မတော်ဟု သုံးနှုန်းခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ဆွေးနွေး
  • နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့တင်သွင်း
  • ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းအား အဆိုတင်သွင်းခြင်းနှင့် အရေးကြီးအဆိုတစ်ခု တင်သွင်းခြင်းဆောင်ရွက်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s