roundup

လွှတ်တော်သတင်းများ (၄ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • အိမ်မဲမြို့နယ် တံတားစီမံကိန်း ထိခိုက်နိုင်သည့် မြေယာလျှော်ကြေးငွေများအား မေလအတွင်း တွက်ချက်ပေးမည်
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် (၂၀)ရက်မြောက်နေ့ကို နံနက် ၁၀နာရီတွင်ကျင်းပရာ မေးခွန်း (၃)ခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်း(၃)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်
  • အစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၊ အိမ်မဲမဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီတို့က မေးမြန်းခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရှင်းလင်းဖြေကြား
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်သို့တင်သွင်း
  • ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြား၊ လွှတ်တော်ဥက္ကဌမှ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသော ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • ဟားခါး-ဖလမ်း ဓာတ်အားလိုင်း ၉၉ ဒသမ ၂၃ရာခိုင်နှုန်းနှင့် ၆၆ ကေဗွီ ဖလမ်းဓာတ်အားခွဲရုံ ရာနှုန်းပြည့်ပြီးစီး ရက်ပေါင်း၁၀၀အတွင်း ဖလမ်းမြို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် ၁၈ရက်မြောက်နေ့ကို နံနက် ၁၀နာရီတွင်ကျင်းပရာ မေးခွန်းနှစ်ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု တင်သွင်းခြင်း၊ အရေးကြီးအဆိုတစ်ခုကို ကိုယ်စားလှယ်များဆွေးနွေးခြင်းတို့ကို ဆောင်ရွက်
  • ချင်းမဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းက လျှပ်စစ်ဓာတ်အားလှိုင်းနှင့်ပတ်သက်သော မေးခွန်းကို မေးမြန်းရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဖြေကြား
  • ဧရာဝတီမဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၏ ငဝန်မြစ်ကူးတံတားနှင့်ပတ်သက်သော မေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ရန်ကုန်မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ညာဏစိုးက နိုင်ငံတော်ကောင်စီဥပဒေ(ဥပဒေအမှတ် ၁၀/၁၉၇၄)ကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်း၊ လွှတ်တော်ဥက္ကဌမှ လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီသို့လွှဲအပ်ကြောင်း ကြေညာ
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၏ AAလက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပါဝင်ဆွေးနွေးမည့်ကိုယ်စားလှယ်(၁၀)ဦးအနက် ယနေ့ ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးခဲ့
  • တူးမြောင်းဖြတ်ကူးတံတား စီမံကိန်းကြောင့် ထိခိုက်နစ်နာနိုင်သည့် အိမ်မဲပြည်သူများအတွက် မေလအတွင်း စတင်၍ စိစစ်တွက်ချက်ဆောင်ရွက်ပေးသွားမည်
  • ရက်ပေါင်း ၁၀၀ အတွင်းမှာ ဖလမ်းမြို့သို့ လျှပ်စစ်ဓာတ်အား မကြာမီဖြန့်ဖြူးပေးနိုင်မည်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s