roundup

လွှတ်တော်သတင်းများ (၅ မေ ၂၀၁၆)

  • တာမိုးညဲဒေသနေ ပြည်သူအချို့ကို တိုင်းရင်းသား လူမျိုးတစ်မျိူးအဖြစ် တရားဝင် အတည်ပြုပေးခြင်းမရှိ
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် (၂၁)ရက်မြောက်နေ့ကို ယနေ့(မေ ၄)နံနက် ၁၀နာရီတွင် ကျင်းပ၊ မေးခွန်း ၃ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်
  • အစည်းအဝေးတွင် တောင်သာမဲဆန္ဒနယ်မှ ဦးစစ်အေးက လျှပ်စစ်ဓာတ်အား နှင့်ပတ်သက်သော မေးခွန်းကို မေးမြန်းရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးဖေဇင်ထွန်းက ဖြေကြားခှဲ့
  • သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်က လူမျိုးရေးနှင့်ပတ်သက်သောမေးခွန်းကို မေးမြန်းရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေက ဖြေကြား
  • ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်းက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပြည်လမ်းထောင့်တွင်ရှိသော ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေကို ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် ဌားရမ်းမှုကို ရပ်ဆိုင်းသင့်ပါကြောင်း အဆိုတင်သွင်း
  • ရခိုင်ပြည်နယ်အတွင်း ယခုတလော တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီး AAလက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေး
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၁၉)ရက်မြောက်နေ့ကို ယနေ့(မေ ၄)နံနက် ၁၀နာရီတွင် ကျင်းပခဲ့
  • အစည်းအဝေးတွင် ရခိုင်မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးစိုးဝင်းက မြေယာကဏ္ဍဆိုင်ရာမေးခွန်း၁ခု မေးမြန်းရာ စိုက်ပျိိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူမှ ဖြေကြား
  • ပြည်သူ့ကောင်စီဥပဒေ(ဥပဒေအမှတ် ၈/၁၉၇၄)ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ရှမ်းမဲဆန္ဒနယ် အမှတ်(၂)မှ ဦးစိုင်းထွန်းအောင်က ဖတ်ကြား၊ လွှတ်တော်ဥက္ကဌမှှ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက အမည်စားရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • မကွေးမဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွှန့်က ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင် အဖွဲ့အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်သွင်း၊ လွှတ်တော်ဥက္ကဌက ဆွေးနွေးရန်ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်းကြေညာ
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်က AAတပ်မတော်ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ဖိတ်ခေါ်သင့်ကြောင်း အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ ပါဝင်ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးအနက် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၄ဦးက ဆွေးနွေး
  • အဆိုကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေး
  • အဆိုကို စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်၊ ကိုယ်စားလှယ် ၂၀၂ဦးက ဆန္ဒပြုရာ ထောက်ခံမဲ ၁၉၅မဲ၊ ကန့်ကွက်မဲ ၆မဲနှင့် ကြားနေမဲ ၁မဲရရှိ၊ ထောက်ခံမဲများ၍ အဆိုကို မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဌမှ ကြေညာ
  • ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေနေရာ ပုဂ္ဂလိကဆေးရုံသစ်ဆောက်ရန် ခွင့်ပြုဌားရမ်းမှု အများပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမရှိသဖြင့် ရပ်ဆိုင်းသင့်ကြောင်း အဆိုတင်သွင်း
  • ပြည်ထောင်စုတပ်မတော်ကို ယခုကဲ့သို့ စတင်တိုက်ခိုက်ခြင်းသည် အမျိုးသားရေးအန္တရာယ်ကို လက်ကမ်းခေါ်နေသည့် အပြုအမူသာဖြစ်သည်ကို ဆင်ခြင်သုံးသပ်နိုင်ရန် ပြောကြားလို
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s