roundup

လွှတ်တော်သတင်းများ (၆ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဖွဲ့စည်းရေး လွှတ်တော်သို့တင်ပြ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် (၁၉)ရက်မြောက်နေ့တွင် နိုင်ငံတော််အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လွှတ်တော်နာယကထံ သဝဏ်လွှာပေးပို့
  • ၂၂ခုမြောက် ပြည်ထောင်စု ဝန်ကြီးဌာနဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဖွဲ့စည်းရေးနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးပို့ရန် လွှတ်တော်နာယက က ကြေညာ
  • ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူနိုင်ရေး လွှတ်တော်သို့တင်ပြ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း၊ လာအိုနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဌမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးမှု ၊ နေပြည်တော်ကောင်စီ ဥက္ကဌနှင့် ကောင်စီဝင်များ ခန့်အပ်တာဝန်ပေးမှု၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့တွင် ဒုဝန်ကြီးများ ခန့်အပ်တာဝန်ပေးမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသ ဦးစီးအဖွဲ့ ဥက္ကဌများ ခန့်အပ်တာဝန်ပေးမှုတို့ကို လွှတ်တော်က မှတ်တမ်းတင်
  • လစ်လပ်သွားသော ပြည်သူ့ငွေစာရင်း ပူပေါင်းကော်မတီအဖွဲ့ဝင် ချင်းမဲဆန္ဒနယ်အမှတ်(၃)မှ ဦးဟင်နရီ ဗန်ထီးယူအစား ချင်းမဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာနလောမောင်းအား ထည့်သွင်းဖွဲ့စည်းရန် လွှတ်တော်၏အဆုံးအဖြတ်ရယူအတည်ပြု
  • မေးခွန်းပေါက်ကြားခဲ့ခြင်းအတွက် ကျောင်းအုပ်လေးဦးအား အမှုဖွင့်တိုင်ကြားပြီး ဝန်ထမ်းအဖြစ်မှထုတ်ပယ်
  • မုန်းတမံနှင့် ကျီးအုံကျီးဝတမံပျက်စီမှုများနှင့် ရာဇဂြိုလ်ဆည်အထက်ရှိ သဘာဝမြေပြိုကန်တို့အတွက် ယခုလာမည့်မိုးရာသီမတိုင်မီ အမြန်ဆုံးလုပ်ဆောင်ရန် တို်က်တွန်းကြောင်းအဆို လွှတ်တော်သို့တင်သွင်း
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် (၂၂)ရက်မြောက်နေ့ကို ယနေ့(မေ ၅)နံနက် ၁၀နာရီတွင် ကျင်းပ
  • အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက စာစစ်ဌာနှင့် ပတ်သက်သောမေးခွန်းနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် လေးတန်း၊ ရှစ်တန်း မေးခွန်းပေါက်ကြားမှုနှင့် ပတ်သက်သော မေးခွန်း မေးမြန်း
  • မေးခွန်းပေါက်ကြားမှုမှာ မကွေးတိုင်း ချောက်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၊ စိစစ်တွေ့ရှိချက်များအရ စာစစ်ကြီးကြပ်ရေးမှူး တာဝန်ယူသည့် ကျောင်းအုပ်သုံးဦးနှင့် အခြားကျောင်းအုပ်တစ်ဦးတို့က မသမာသော နည်းလမ်းများသုံး၍ မေးခွန််းထုပ်ကို လက်ရာမပျက် ဖောက်ခဲ့ခြင်းဖြစ်၊
  • ယင်းကျောင်းအုပ်လေးဦးအား မေးခွန်းလွှာများကို အချိန်မတိုင်မီ ဖွင့်ဖောက်ဖြန့်ဝေ ပေါက်ကြားစေမှုဖြင့် ချောက်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းအဖြစ်မှလည်းထုတ်ပယ်ပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့လွှတ်တော်တွင် ဖြေကြား
  • မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုက ကျောင်းဆောင်သစ်ကို သတ်မှတ်ရက်တွင် ကုမ္ပဏီမှ ဆောက်လုပ်ပေးခြင်းမရှိသည်နှင့်ပတ်သက်၍ မေးမြန်း၊ ပညာရေးပြည်ထောင်စုဝန်ကြီးမှ ဖြေကြား
  • ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က မကွေးတိုင်းမှ တမံနှစ်ခုနှင့် စစ်ကိုင်းတိုင်းမှ သဘာဝမြေပြိုကန်တို့ကို အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်
  • အဆိုကို လက်ခံဆွေးနွေးရန် သဘောတူကြောင်းဆုံးဖြတ်၊ အဆိုကို ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ မေ ၁၀ရက်နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် လွှတ်တော်ဥက္ကဌက သဘောတူ
  • ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းလွှတ်တော်သို့ အဆိုတင်သွင်း
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၂၀)ရက်မြောက်နေ့ကို ယနေ့(မေ ၅)နံနက် ၁၀နာရီတွင် ကျင်းပ
  • ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုးက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းရာ ဥက္ကဌက ဆွေးနွေးရန်ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်းကြေညာ
  • နိုင်ငံတော်ကောင်စီဥပဒေ(ဥပဒေအမှတ် ၁၀/၁၉၇၄) ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ချင်းမဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးလားလ်မင်းထန်က ဖတ်ကြားတင်ပြ၊ လွှတ်တော်ဥက္ကဌက ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s