roundup

လွှတ်တော်သတင်းများ (၁၀ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် လတ်တလော ပြင်ဆင်ရေးဆွဲရန်မရှိ
  • မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဒေသခံပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အထူးအရေးကြီးလိုအပ်လျက်ရှိ
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်(၂၄)ရက်မြောက်နေ့ကို ယနေ့(မေ ၉)နံနက် ၁၀နာရီတွင် ကျင်းပ၊ မေးခွန်း ၃ခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခုကို အတည်ပြုခြင်း ဆောင်ရွက်သည်
  • စလင်းမဲဆန္ဒနယ်မှ ဦးကံဦးက တရားဥပဒေ အားကောင်းလာစေရန်အတွက် ၂၀၁၂ခုနှစ် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ ပြန်လည်ရေးဆွဲရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်က မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ပတ်သက်သော မေးခွန်းမေးမြန်းရာ ဒုတိယဝန်ကြီး ဗို်လ်ချုပ်အောင်စိုးက ဖြေကြား
  • ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်းက မီဘေးအန္တရာယ် ကာကွယ်ရေး အစီအမံများနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ဥပဒေကြမ်းကော်မတီမှ တင်သွင်းသော နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဌက ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များမရှိသဖြင့် လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံတင်ပြချက်အတိုင်း အတည်ပြု
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s