roundup

လွှတ်တော်သတင်းများ (၁၁ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် (၂၀)ရက်မြောက်နေ့ကို ယနေ့ (မေ ၁၀) တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဖွဲ့စည်းရန်ကိစ္စ ပြည်ထောင်စုလွှတ်တော်က သဘောတူဆုံးဖြတ်၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တောင်းခံခဲ့သော်လည်း အမည်စာရင်း တင်သွင်းသည့်သူ မရှိ၍ အစည်းအဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ် ရယူသဘောတူ
  • လွှတ်တော်က နိုင်ငံတော်သမ္မတထံမှ ပေးပို့သော မြန်မာ-ရုရှားစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးရန် ကိစ္စကို သဘောတူဆုံးဖြတ်၊ လက်မှတ်ရေးထိုးရန် ကိစ္စနှင့် ပတ်သက်၍ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်နှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်သန်းလွင်တို့က ဆွေးနွေး
  • ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းများနှင့် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဘင်းမ်စတက်ကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန်ကိစ္စအား လွှတ်တော်သို့ ရှင်းလင်းတင်ပြ၊ လွှတ်တော်နာယက က ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ မေ ၁၂ရက် နောက်ဆုံးထား၍ အမည်စာရင်းပေးပို့ရန် အသိပေးကြေညာ
  • ရေကြီးမှုကြောင့် ကျိုးပေါက်သွားသော မြစ်မခရေကာတာ မိုးမကျမီ ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမည်
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် (၂၅)ရက်မြောက်နေ့ကို မေ ၁၁ရက်(ယနေ့) နံနက် ၁၀နာရီတွင် ကျင်းပမည်၊ မေးခွန်း ၃ခုမေးမြန်းခြင်းနှင့် ဥပဒေကြမ်း ၃ခုကို လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်း ဆောင်ရွက်မည်
  • မေးခွန်း ၃ခုမှာ လက်ပံတန်းမြို့နယ်အတွင်းရှိ ကြံ့ခိုင်မှုအားနည်းနေသော ဧရာဝတီရေကာတာနှင့် ၂၀၁၅ခုနှစ် ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုများကြောင့် ကျိုးပေါက်သွားခဲ့သော မြစ်မခရေကာတာတို့အား ၂၀၁၆ မိုးမကျမှီ ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊ ကလေးမြို့နယ်သည် လွန်ခဲ့သည့် ၂၀၁၅ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဆိိုးရွားလှသည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော လယ်မြေဧက ၄၀၀၀ကျော် ရေပေးဝေနိုင်သည့် မြောင်းချောင်းဆည်အား ပြန်လည်ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံဒေသ၊ ပင်လုံအရှေ့ကျေးရွာအုပ်စုရှိ တာပူရေချောင်းအား ဖြတ်ကျော်ရန် သံကူကွန်ကရစ်တံတား အလျား ၃၅ပေ၊ အနံ ၁၅ပေ၊ အမြင့် ၁၅ပေရှိ တံတားတစ်စင်း အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းများဖြစ်
  • ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တင်သွင်းသော “ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း”၊ “အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း”၊ “တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း” တို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူမည်
  • ဖားကန့်မြေစာပုံ ပြိုကျ၍ အသက်ဆုံးရှုံမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ တားမြစ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမည်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၂၂)ရက်မြောက်နေ့ကို မေ ၁၁ရက်(ယနေ့)တွင် ကျင်းပမည်၊ မေးခွန်း ၂ခုမေးမြန်ခြင်း၊ ဥပဒေကြမ်းနှစ်ခုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် ဥပဒေကြမ်း ၂ခုနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာဖတ်ကြားခြင်းတို့ကို ဆောင်ရွက်မည်
  • မေးခွန်း ၂ခုမှာ ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းပြည်နယ်၌ အတိုင်းအဆမဲ့ ကျောက်စိမ်းတူးဖော်ခြင်း၊ စည်းကမ်းမဲ့ မြေစာစွန့်ပစ်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုးရွားစွာ ပျက်စီးစေခြင်း၊ မြေစာပုံ ပြိုကျ၍ အသက်ဆုံးရှုံမှုများ ဖြစ်ခြင်းတို့ကြောင့် ဒေသခံများကိုယ်တိုင်က ဆန့်ကျင် တားမြစ်နေရခြင်းတို့ ဖြစ်ပွားနေရာ နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာကုမ္ပဏီများအား ဥပဒေနှင့်အညီ စနစ်တကျ အချိန်မီတားမြစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသား မရှိဆင်းရဲသား ပြည်သူများအပေါ် ကျူးကျော်သူများဟု စွပ်စွဲကာ တရားရုံးအမိန့် ဒီကရီမပါရှိဘဲ နေအိမ်များကို အကြမ်းဖက် အင်အားသုံးပြီး ဖျက်ဆီးဖယ်ရှားခဲ့သည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက် အခြေပျက်၊ အနေပျက်ဘဝများ ပျက်စေသည့်လုပ်ရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ရင်းတပ်ဖွဲ့များမှ အဘယ်ကြောင့် တားဆီးအရေးယူခြင်း မပြုခဲ့သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းမည်
  • ဥပဒေကြမ်းကော်မတီဥက္ကဌက တင်သွင်းသော ပြည်သူ့ကောင်စီဥပဒေ ( ဥပဒေ အမှတ် ၈/၁၉၇၄)ကို ရုပ်သိမ်းသည့်ဥပဒေကြမ်း၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက တင်သွင်းသော နိုင်ငံတော်ကောင်စီဥပဒေ (ဥပဒေ အမှတ် ၁၀/၁၉၇၄) ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတို့အား အတည်ပြုရန် လွှတ်တော်ဥက္ကဌ၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်မည်
  • ဥပဒေကြမ်းကော်မတီဥက္ကဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ရေချိုငါးလုပ်ငန်းဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်းနှင့် ယင်းဥပဒေကြမ်းတို့အား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခြင်းတို့ကို ဆောင်ရွက်မည်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s