roundup

လွှတ်တော်သတင်းများ (၁၂ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တင်သွင်းသော ဥပဒေကြမ်းသုံးခု လွှတ်တော်၏ အဆုံးအဖြတ်ရယူ
  • လက်ပံတန်းမြို့နယ် အတွင်းရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတာ (ကွမ်းသီးတစ်ပင်တာ) ပြုပြင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေပြီဖြစ်
  • လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း မေးမြန်းသည့် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) လက်ပံတန်းမြို့နယ် အတွင်းရှိ ရေကာတာနှစ်ခုအား မိုးမကျမီ ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုအပါ် ဒုဝန်ကြီးက အောက်ပါအတိုင်း ဖြေကြား
  • ယင်းလုပ်ငန်း ဆောင်ရွက်ရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း မူလခွင့်ပြုရန်ပုံငွေတွင် ခွဲဝေရရှိပြီးဖြစ်၍ လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြား
  • ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး မေးမြန်းသည့် မြောင်းချောင်းဆည်အား ပြန်လည်ပြုပြင် ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိမေးမြန်းရာ ဒုဝန်ကြီးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် လျာထား ခွဲဝေပြီးဖြစ်ပါ၍ လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း ဖြေကြား
  • အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တင်သွင်းသော ဥပဒေကြမ်းသုံးခုနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်ရှိသည့် အပိုဒ်၊ အပိုဒ်ခွဲများအား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
  • ယင်းဥပဒေကြမ်းသုံးခုုအား ၂၀၁၃ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်ကို အသိပေးကြေညာ
  • လုံးခင်း၊ ဖားကန့် ရတနာနယ်မြေရှိ ကျောက်စိမ်းရိုင်း အတိုင်းအဆမဲ့ တူးဖော်မှုမရှိရေး အစီအမံများရေးဆွဲ၍ ဆောင်ရွက်လျက်ရှိ
  • အတိုင်းအဆမဲ့ ကျောက်စိမ်းတူးဖော်မှု မြေစာပုံပြိုကျပြီး မြေစာပြိုသည့် ဖြစ်စဉ်များ ဖြစ်ပွားမှု မရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရန်အတွက် အလေးထား ဆောင်ရွက်လျက်ရှိ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၂၂)ရက်မြောက်နေ့ကို မေ ၁၁ရက်တွင် ကျင်းပ
  • အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခင်မောင်မြင့်၏ အတိုင်းအဆမဲ့ ကျောက်စိမ်းတူးဖော်မှု မြေစာပုံပြိုကျပြီး မြေစာပြိုသည့် ဖြစ်စဉ်များ ဖြစ်ပွားမှု မရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် အလေးထား ဆောင်ရွက်သင့်ကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် မရှိဆင်းရဲသား ပြည်သူများအပေါ် ကျူးများဟု စွပ်စွဲကာ အင်အားသုံး ဖျက်ဆီးဖယ်ရှားခဲ့သည့် လုပ်ရပ်များအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့ရဲ တပ်ရင်းတပ်ဖွဲ့များမှ အဘယ့်ကြောင့် တားဆီးအရေးယူခြင်း မပြုခဲ့သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • အစည်းအဝေးတွင် ပြည်သူ့ကောင်စီဥပဒေ (ဥပဒေအမှတ် ၈/၁၉၇၄) ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် နိုင်ငံတော်ကောင်စီဥပဒေ (ဥပဒေအမှတ် ၁၀/၁၉၇၄)ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတို့အား အတည်ပြုခဲ့
  • ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ရေချိုငါးလုပ်ငန်း ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တင်ပြ၊ အမျိုးသားလွှတ်တော်ဥက္ကဌ က ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိပါးစေသော ရေးသားပြောဆိုမှု ရှောင်ကြဉ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဌပြောကြား
  • ရခိုင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အကူအညီပေးရန် ကိစ္စနှင့် စပ်လျဉ်း၍ အရေးကြီးအဆို တင်သွင်းခွင့်မရသဖြင့် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက လွှတ်တော်ဆိုင်ရာ နည်းဥပဒေပါ ကန့်သတ်ချက်များကို လိုက်နာခြင်းမရှိိဘဲ ပြည်တွင်းပြည်ပ မီဒီယာများကို ထုတ်ဖော်ပြောကြားခြင်း၊ ၄င်း၏ လူမှုကွန်ယက် စာမျက်နှာများတွင် ရေးသားဖော်ပြခြင်းများ ပြုလုပ်ခဲ့သည့်အတွက် လွှတ်တော်ဥက္ကဌက အထက်ပါအတိုင်း ပြောကြား
  • စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီရန် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မေ(၁၁)ရက် (ယနေ့)တွင်  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၂၂)ဦး လက်မှတ်ရေးထိုး တင်ပြသွားမည်ဖြစ်ကြောင်း ဒေါ်ခင်စောဝေကပြော
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s