roundup

လွှတ်တော်သတင်းများ (၁၃ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေး ဝန်ကြီးဌာနပိုင်မြေ ပုဂ္ဂလိက ဆေးရုံတည်ဆောက်ရန် ဌားရမ်းခြင်း ရပ်ဆိုင်းရန်အဆို အတည်ပြု
  • အဆိုကို ယနေ့ (မေ၁၂) ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြု
  • အဆိုကို လွှတ်တော်ကိုယ်စားလှယ် အများစုက ထောက်ခံဆွေးနွေးကာ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးက ပညာရှင်ရှုထောင့်မှ တင်ပြ၊ အဆိုကို ကန့်ကွက်သူ မရှိသဖြင့် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ
  • မိုင်းဖြတ်မဲဆန္ဒနယ်မှ ဦးလင်းဇော်ထွန်းက မိုဘိုင်းဖုန်းဆက်သွယ်ရေးနှင့် ပတ်သက်သော မေးခွန်းမေးမြန်းရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက လယ်ယာမြေ သိမ်းဆည်းမှုနှင့် ပတ်သက်သော မေးခွန်းမေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံတော်သမ္မတထံ တင်ပြဆောင်ရွက်နိုင်
  • ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေခွဲဝေရရှိမှုနှင့်အညီ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၂၃)ရက်မြောက်နေ့တွင် မေးခွန်း ၃ခု မေးမြန်းခြင်းနှင့် ဥပဒေကြမ်းတစ်ခု အစီရင်ခံစာ ဖတ်ကြားခြင်းကို ဆောင်ရွက်
  • ရှမ်းမဲဆန္ဒနယ်(၁၁)မှ ဦးကျော်နီနိုင်က ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်သော မေးခွန်းမေးမြန်းရာ နယ်စပ်ရေးရာဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ချင်းမဲဆန္ဒနယ်(၄)မှ ဦးဇုန်လှယ်ထန်းက နယ်စပ်ရေးရာဝန်ကြီးဌာနက “ငြိမ်း”အစီအစဉ်ဖြင့် လမ်းဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းရာ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ရခိုင်မဲဆန္ဒနယ်(၃)မှ ဦးခင်မောင်လတ်က တာတမံတည်ဆောက်ရေးနှင့် ပတ်သက်သော မေးခွန်းမေးမြန်းရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု ပေးပို့လာသော နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား
  • အစီရင်ခံစာကို မွန်မဲဆန္ဒနယ်(၂)မှ ဒေါ်နွယ်နွယ်အောင်က ဖတ်ကြား၊ လွှတ်တော်ဥက္ကဌက ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s