roundup

လွှတ်တော်သတင်းများ (၁၄ မေ ၂၀၁၆)

ကြေးမုံသတင်းစာ/ မြန်မာ့အလင်းသတင်းစာ

  • အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းများနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘင်းမ်စတက် ကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံမှ အတည်ပြု ဝင်ရောက်ရန် သဘောတူ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှတ် (၂၁)ရက်မြောက်နေ့ကို ယနေ့(မေ ၁၃)တွင် ကျင်းပ
  • လွှတ်တော်နာယက က နိုင်ငံတော်သမ္မတ အဆိုပြုတင်ပြသည့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးကျော်တင့်ဆွေကို ခန့်အပ်တာဝန်ပေးရန် အမည်စာရင်း ပေးပို့ထားကြောင်း လွှတ်တော်သို့ အသိပေးတင်ပြ၊ ကန့်ကွက်လိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးယူခွင့်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား
  • ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၂၀၁၅ခုနှစ် ဇူလိုင်လ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဘေးကြောင့် ပျက်ဆီးမှုများကို ကမ္ဘာ့ဘဏ်၏ အရေးပေါ် ပြန်လည်ထူထောင်ရေး ချေးငွေထဲမှ အမေရိကန်ဒေါ်လာ ၁၀၅သန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြ
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကမ္ဘာ့ဘဏ်မှ ပေးအပ်မည် သဘာဝဘေးအတွက် ပြည်လည်ထူထောင်ရေးချေးငွေ အမေရိကန်ဒေါ်လာ သန်းရ၀ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြ
  • လွှတ်တော်နာယက က ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း၂၀၀ ချေးယူ၍ စီမံကိန်းများ ဆောင်ရွက်မည့်ကိစ္စနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက မေ ၁၆ရက် နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • နိုင်ငံတော်သမ္မတပေးပို့သည့်  ၁၉၆၉ခုနှစ် ဆီ(ရေနံ) ယိုဖိတ်မှုကြောင့် ပင်လယ်ပြင်ညစ်ညမ်းမှု ဖြစ်စဉ်များမှတစ်ဆင့် ထိခိုက် နစ်နာသူများနှင့် ဆုံးရှုံးမှုများကို လျော်ကြေးရရှိရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအား ပြင်ဆင်သည့် ၁၉၉၂ခုနှစ် နောက်ဆက်တွဲ သဘောတူစာချုပ်၌ မြန်မာနိုင်ငံ ပါဝင်လက်မှတ်ထိုးရေးနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်းတင်ပြ
  • လွှတ်တော်နာယက က ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းများနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးတွင် ပူူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
  • ယင်းကိစ္စကို လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇)မှ ဦးကျော်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃)မှ ဒေါ်ရွှေရွှေစိန်လတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၉)မှ ဦးမောင်မောင်လတ်တို့က ထောက်ခံဆွေးနွေး၊ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များကို လုပ်ငန်းများအကောင်အထည်ဖော်ရာ၍ အလေးအနက်ထား ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူူသွားမည်ဖြစ်ကြောင်း ပြောကြား
  • အထက်ပါကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ကန့်ကွက်သူ မရှိသည့်အတွက် ဘင်းမ်စတက် ကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန် လွှတ်တော်နာယက က သဘောတူကြောင်းကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s