roundup

လွှတ်တော်သတင်းများ (၁၇ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • သက်ဆိုင်ရာ ကျေးရွာပြည်သူလူထု သဘောတူ ခွင့်ပြုမှသာ စိစစ်ပြီး ဓာတ်သတ္တု ထုတ်လုပ်ရန် ခွင့်ပြုမိန့်များ လုပ်ကိုင်ခွင့် ချထားပေး
  • မုန်းတမံနှင့် ကြီးအုံကြီးဝ တမံ ပျက်စီးမှုများနှင့် ရာဇဂြိုလ်ဆည် အထက်ရှိ သဘာဝမြေပြိုကန် တို့အတွက် ယခုလာမည့် မိုးရာသီမတိုင်မီ အမြန်ဆုံးလုပ်ဆောင်ရန် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိ၍ စောင့်ကြည့်သွားမည်
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် (၂၇)ရက်မြောက်နေ့ကို မေလ ၁၆ရက်နေ့တွင် ကျင်းပ၊ အစည်းအဝေးတွင် အဆိုတစ်ခုကို ဆွေးနွေးခြင်းနှင့် မေးခွန်းနှစ်ခု မေးမြန်းခြင်းတို့ကို ဆောင်ရွက်
  • ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင် တင်သွင်းသော မကွေးတိုင်းဒေသကြီး မုန်းချောင်းတစ်လျှောက်ရှိ မုန်းတမံနှင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်နယ်စပ်၊ ရာဇဂြိုလ်ဆည် အထက်ရှိ သဘာဝမြေပြိုကန်တို့ကို မိုးရာသီမတိုင်မီ အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်က မှတ်တမ်းအဖြစ် ထားရှိ၍ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်
  • ယင်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် လေးဦးက ထောက်ခံဆွေးနွေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းနှင့် အဆိုရှင် ဒေါ်ခင်စန်းလှိုင်က အဆိုကို လွှတ်တော်တွင် မှတ်တမ်းအဖြစ်ထားရှိ၍ စောင့်ကြည့်သင့်ကြောင်း တင်ပြ
  • လွှတ်တော်ဥက္ကဌက အဆိုကို မှတ်တမ်းတင်ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၊ သဘောမတူသူ မရှိသည့်အတွက် အဆိုကို လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာ
  • အဆိုနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းတင်ပြ
  • မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က သတ္တုနှင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော မေးခွန်းမေးမြန်းနှင့် ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဝင်းအောင်က လယ်ယာမြေနှင့် ပတ်သက်သော မေးခွန်းကို မေးမြန်းကြရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ဟက်ပီးဇုန်ကစားကွင်း ဖြစ်စဉ်နှင့်ပတ်သက်၍ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်မှ စိစစ်ပြီး အုပ်ချုပ်ရေးလမ်းကြောင်းမှ အရေးယူခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၂၄)ရက်မြောက်နေ့ အစည်းအဝေးကို ယနေ့(မေ ၁၆)ရက်တွင် ကျင်းပ၊ မေးခွန်းတစ်ခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခုကို အစီရင်ခံစာ ဖတ်ကြားခြင်းကို ဆောင်ရွက်
  • ရန်ကုန်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦးက ဟက်ပီးဇုန်ကစားကွင်း ဖြစ်စဉ်နှင့်ပတ်သက်၍ မေးခွန်းမေးမြန်းရာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း၏ အစီရင်ခံစာကို ကော်မတီဝင် ချင်းမဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန်က ရှင်းလင်းတင်ပြ
  • ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ
  • ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို မူလတန်းအဆင့်နှင့် ညီမျှသော ပညာအရည်အချင်း အောင်မြင်ပြီးသူဟု ပြင်ဆင်ရန် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်း
  • ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း၏ အစီရင်ခံစာကို ကော်မတီဝင် ချင်းမဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန်က ရှင်းလင်းတင်ပြ
  • ဥပဒေကြမ်းကော်မတီ အစည်းအဝေး၌ ကော်မတီဝင် ဗိုလ်မှူးချုပ် တင်မောင်အေး၏ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များအရ ဥပဒေကြမ်းပါ ပုဒ်မ ၁၃၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၁၇နှင့် ပုဒ်မ ၃၃တို့၏ ပြင်ဆင်ချက်အား မူလအတိုင်း ထားရှိသင့်ကြောင်း အကြံပြုတင်ပြချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာတွင်ဖော်ပြ
  • ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက မေ ၁၉ရက် နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် အမျိုးသားလွှတ်တော် ဥက္ကဌက ကြေညာ
  • နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးရေး လွှတ်တော်၌ အတည်ပြု ဆွေးနွေးမည်
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် (၂၂)ရက်မြောက်နေ့ကို မေ ၁၇ရက် နံနက် ၁၀နာရီတွင် ကျင်းပမည်
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ အဆိုပြုတင်ပြသော နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍ လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်းနှင့် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းနှင့် ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်မည်
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ၁၉၆၉ခုနှစ်၊ ဆီ(ရေနံ)ယိုဖိတ်မှုကြောင့် ပင်လယ်ပြင်ညစ်ညမ်းမှု ဖြစ်စဉ်များမှတစ်ဆင့် ထိခိုက်နစ်နာသူများနှင့် ဆုံးရှုံးမှုများကို လျှော်ကြေး ရရှိရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအား ပြင်ဆင်သည့် ၁၉၉၂ခုနှစ် နောက်ဆက်တွဲ သဘောတူစာချုပ် (CLC Protocol 1992) အား မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ထိုးရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးရန်ရှိက ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်မည်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s