roundup

လွှတ်တော်သတင်းများ (၁၈ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဆီ(ရေနံ)ယိုဖိတ်မှုကြောင့် ပင်လယ်ပြင် ညစ်ညမ်းမှု ဖြစ်စဉ်များမှ တစ်ဆင့် ထိခိုက်နစ်နာသူများနှင့် ဆုံးရှုံးမှုများ လျော်ကြေးရရှိရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူစာချုပ်ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ထိုးရန် သဘောတူ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် (၂၂)ရက်မြောက်နေ့ ကျင်းပ
  • ၁၉၆၉ခုနှစ် ဆီ(ရေနံ)ယိုဖိတ်မှုကြောင့် ပင်လယ်ပြင်ညစ်ညမ်းမှု ဖြစ်စဉ်များမှတစ်ဆင့် ထိခိုက်နစ်နာသူများနှင့် ဆုံးရှုံးမှုများကို လျော်ကြေးရရှိရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအား ပြင်ဆင်သည့် ၁၉၉၂ခုနှစ် နောက်ဆက်တွဲ သဘောတူစာချုပ် (CLC Protocol 1992) ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ထိုးရန် ယနေ့ (မေ ၁၇) ကျင်းပသည့် လွှတ်တော်အစည်းအဝေးက သဘောတူ
  • ယင်းကိစ္စကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက ထောက်ခံဆွေးနွေးခဲ့
  • တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးအောင်ဖြိုးကျော်က အနာဂတ်တွင် မြန်မာနိုင်ငံသည် ရေနက်ဆိပ်ကမ်းများဖြင့် တိုးတက်လာမည် ဖြစ်၍ ပင်လယ်ပြင်၌ ဆီယိုဖိတ်မှုကြောင့် ညစ်ညမ်းပြီး ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ယင်းအခြေအနေတွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ညီသည့် ဥပဒေများရှိရန် လိုအပ်လာသည့်အတွက် ပါဝင်လက်မှတ် ထိုးသင့်ကြောင်း ဆွေးနွေး
  • ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်က CLC Protocol 1992 ကို နိုိင်ငံပေါင်း (၁၃၄)နိုင်ငံ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း၊ အလားတူ အာဆီယံနိုင်ငံ (၇)နိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများလည်း လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း နိုင်ငံတကာ စာချုပ်များတွင် ပါဝင်လက်မှတ် ရေးထိုးခြင်းဖြင့် အကူအညီများ ရရှိနိုင်သည့်အပြင် နိုင်ငံတကာနှင့် ရင်းနှီးသည့် ဆက်ဆံမှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါစာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးခြင်းဖြင့် သတ်မှတ်နှုန်းထားများ ပေးဆောင်ရခြင်းရှိ၊ မရှိကိုလည်း ပြည်သူများအား ချပြသင့်ပါကြောင်း ဆွေးနွေး
  • ဒက္ခိဏမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းက အဆိုပါ စာချုပ်ချုပ်ဆိုခြင်းအားဖြင့် မြန်မာနိုင်ငံ တရားရုံး၌ တရားစီရင်ခွင့် ရရှိမည်ဖြစ်ပြီး ပင်လယ်ပြင်ညစ်ညမ်းမှု ဖြစ်ပေါ်ပါက ထိုက်တန်သည့် လျော်ကြေးများ ရရှိမည် ဖြစ်သည့်အတွက် ပါဝင်လက်မှတ်ထိုးသင့်ကြောင်း ဆွေးနွေး
  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြ
  • အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးကျော်မျိုးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယ ရှေ့နေချုပ်အဖြစ် ဦးဝင်းမြင့်တို့အား ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ခြင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကျော်တင့်ဆွေအား ခန့်အပ်တာဝန်ပေးရန် သဘောတူကြောင်း ဆုံးဖြတ်ခြင်းတို့ ဆောင်ရွက်
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့အတွက် ကမ္ဘာ့ဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးယူခွင့်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြီး အဆုံးအဖြတ်ရယူမည်
  • ပြည်ထောင်စုလွှတ်တော် (၂၃)ရက်မြောက်နေ့ကို မေ (၁၈)ရက်(ယနေ့)တွင် ကျင်းပမည်၊ ဝန်ကြီးဌာန သုံးခုအတွက် ကမ္ဘာ့ဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးယူခွင့်နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း ဆောင်ရွက်မည်
  • ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး (၂၈)ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းဆောင်ရွက်မည်
  • ပြည်သူ့လွှတ်တော်ဥက္ကဌက တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဖွဲ့စည်းရေး၊ ဒုတိယဥက္ကဌက ယင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားမည်
  • အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု ပေးပို့လာသော “ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း” နှင့် “နိုင်ငံတော်ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း”တို့နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းခြင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ တင်ပြခြင်းတို့ ဆောင်ရွက်မည်
  • အမျိုးသားလွှတ်တော် (၂၅)ရက်မြောက်နေ့ကို ယနေ့ကျင်းပမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသော ဥပဒေကြမ်းသုံးခုအား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူး သို့မဟုတ် တာဝန်ပေးထားသော ကော်မတီဝင်က ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး လွှတ်တော်ဥက္ကဌက ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာမည်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s