roundup

လွှတ်တော်သတင်းများ (၁၉ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့အတွက် ကမ္ဘာဘဏ်မှ ကန်ဒေါ်လာ သန်း ၂၀၀ချေးယူရန် ပြည်ထောင်စုလွှတ်တော် က သဘောတူ
  • သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသည့်လမ်းများ၊ Project Management လုပ်ငန်းများ၊ ကျေးလက်လမ်းများ ဆောင်ရွက်ရန်နှင့် အရေးပေါ်တုံ့ပြန်မှု ချေးငွေအဖြစ် လျာထားရန် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခွဲဝေသုံးစွဲမည်
  • အဆိုပါ သန်း ၂၀၀အား ဆောက်လုပ်ရေး ဝန်ကြီးဌာနက သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသည့် လမ်းများအဖြစ် ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁၀၅သန်းနှင့် Project Management လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁၀သန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကျေးလက်လမ်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ သန်း ရ၀၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးပေါ်တုံ့ပြန်မှု ချေးငွေအဖြစ် လျာထားရန် အမေရိကန်ဒေါ်လာ ၁၅သန်း ခွဲဝေ သုံးစွဲမည်ဖြစ်
  • ယင်းကိစ္စကို တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်အောင်နှင့် ပုလဲဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေး
  • ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ် ချေးငွေအတွက် ၅၀၀ ဘီလီယံအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူခွင့်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက ရှင်းလင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ချေးငွေကို မိုးရာသီမတိုင်မီ ချေးယူသွားရန်နှင့် ချေးငွေစည်းကမ်းချက်များနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တင်ပြ
  • ငွေချေးယူရသည့် ရည်ရွယ်ချက်မှာ မိုးရာသီ စိုုက်ပျိုးစရိတ် ချေးငွေများ တောင်သူလယ်သမားများ၏ လက်ဝယ်သို့ အချိန်မီရောက်ရှိရေးနှင့် လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှု တိုးမြှင့်စေရေးအတွက် သုံးစွဲရန်ဖြစ်ကြောင်းသိရ
  • ယင်းချေးငွေ ကိစ္စကို မေ ၂၃ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် အဆုံးအဖြတ်ရယူမည်
  • အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက လွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန အမည်အစား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အဖြစ်လည်းကောင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန အမည်အစား တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအဖြစ် လည်းကောင်း အမည်ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခြင်းအား တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့
  • ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းပြ ဆရာ၊ ဆရာမတစ်ဦးလျှင် ငွေကျပ်(၃၆၀၀၀)၊ အလယ်တန်းပြတစ်ဦးလျှင် ငွေကျပ် (၄၁၀၀၀)၊ အထက်တန်းပြတစ်ဦးလျှင် ငွေကျပ်(၄၅၀၀၀)နှုန်းဖြင့် လစဉ် ထောက်ပံ့လျက်ရှိ
  • ဘုန်းတော်ကြီးသင် ဆရာ၊ ဆရာမများ ဝန်ထမ်းဖွဲ့စည်းပုံ ပြဌာန်းချက်နှင့် အကျုံးမဝင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအတိုင်း ခံစားခွင့်မရှိ
  • စလင်းမဲဆန္ဒနယ်မှ ဦးကံဦး၏ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ပြည်ထောင်စု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဘုန်းတော်ကြီးသင် ဆရာ၊ ဆရာမများ ဝန်ထမ်းဖွဲ့စည်းပုံ ပြဌာန်းချက်နှင့် အကျုံးမဝင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအတိုင်း ခံစားခွင့်မရှိကြောင်း ယနေ့(မေ ၁၈)တွင် ဖြေကြား
  • မိုင်းဖြတ်မဲဆန္ဒနယ်မှ ဦးလင်းဇော်ထွန်းက မခန်းကျေးရွာမှ ဟိုပေါ့ကျေးရွာအထိ ၁၃မိုင်ကို မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ်က ရေလှေင်တမံများနှင့် ပတ်သက်သော မေးခွန်းကို မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကို ဖွဲ့စည်း၊ ကော်မတီဥက္ကဌအဖြစ် လမ်းမတော်မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်း၊ အတွင်းရေးမှူးအဖြစ် နတ်မောက်မဲဆန္ဒနယ်မှ ဦးအောင်တင်လင်းနှင့် အဖွဲ့ဝင် ၁၃ဦးဖြင့် ဖွဲ့စည်းထား
  • ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် လမ်းမတော်မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်း(အစား) ထန်းတပင်မဲဆန္ဒနယ်မှ ဦးထွန်းအား ထည့်သွင်းဖွဲ့စည်းခဲ့
  • အစည်းအဝေး၌ တပ်မတော်သားကိုယ်စားလှယ် သုံးဦး ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု ပေးပို့လာသည့် ပြည်သူ့ကောင်စီ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် နိုင်ငံတော်ကော်စီကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြား
  • ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ဖတ်ကြားတင်ပြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် ၂၅ရက်မြောက်နေ့ကို ယနေ့(မေ ၁၈)နံနက် ၁၀နာရီတွင် ကျင်းပ၊ တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး ကတိသစ္စာပြုခြင်းနှင့် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာသုံးခု ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်
  • လွှတ်တော်ဥက္ကဌ၏ ရှေ့မှောက်တွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ချစ်ဦးနှင့် ဗိုလ်မှူးချုပ်သက်နိုင်တို့က ကတိသစ္စာပြု
  • ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု ပေးပို့လာသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တို့၏ ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာများကို ကော်မတီဝင် ဧရာဝတီမဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေးနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင်တို့က ဖတ်ကြား
  • ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • အမှိုက်သိမ်းစနစ် ပြောင်းလဲရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို အမြန်ဆုံး ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအား လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s