roundup

လွှတ်တော်သတင်းများ (၂၀ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • မောက်မယ်မြို့နယ်တွင် GSM တာဝါအသစ် တည်ဆောက်မည်ဖြစ်ပြီး အောက်တိုဘာလကုန်တွင် ပြီးစီးမည်
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း တင်သွင်း
  • ယနေ့(မေ ၁၉)တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး (၂၉)ရက်မြောက်နေ့တွင် ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်း၊ မေးခွန်းနှစ်ခု မေးမြန်းခြင်းနှင့် ကော်မတီတစ်ခု၏ အမည်စာရင်း၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက် ရယူအတည်ပြုခြင်းများ ဆောင်ရွက်
  • အစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အဖွဲ့ဝင် ၁၅ဦးထက် မပိုသော ဦးရေဖြင့် ကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ရန်အတွက် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်း
  • ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဦးတင်စိုးက ဥပဒေကြမ်းတွင် ပြင်ဆင်သည့်အချက်မှာ မူလအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ပါရှိသည့် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဌတို့သည် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသည့် အဖွဲ့ဝင်ငါးဦးစီ ဆိုသည့် စကားရပ်ကို “ငါးဦးစီထက် မပိုသော အဖွဲ့ဝင်များကို ဆိုသည့်” စကားရပ်ဖြင့် အစားထိုးပြင်ဆင် ဆောင်ရွက်ခြင်းဖြစ်
  • ထိုသို့ ပြင်ဆင်ဆောင်ရွက်ခြင်းအားဖြင့် ကော်မရှင်အနေဖြင့် မိမိတာဝန်များကို ကျစ်လျစ်သိပ်သည်းစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော် လိုအပ်ချက်အရ ၁၅ဦးထက် မပိုသော၊ ၁၅ဦးအောက် လိုအပ်သော အရေအတွက်ဖြင့်သာ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းဖြင့် နိုင်ငံတော်၏ ဘတ်ဂျက် အသုံးစရိတ်များကို ခြိုးခြံချွေတာရာ ရောက်မည်ဖြစ်သောကြောင့် ယခုဥပဒေကြမ်းကို တင်သွင်းခြင်းဖြစ်ကြောင်း လွှတ်တော်သို့တင်ပြ
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေသည် ၂၀၁၃ခုနှစ် သြဂုတ် ရရက်တွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းပေးခဲ့သည့် ဥပဒေဖြစ်
  • ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ မေ ၂၄ရက် နောက်ဆုံးထား၍ အမည်စာရင်းပေးပို့ရန် တောင်းခံထား
  • အစည်းအဝေးတွင် ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ ကောလင်းမြို့ ကျောက်ပုထိုးဒေသ ရွှေတူးဖော်ရေးလုပ်ငန်းကို ပတ်ဝန်းကျင်နှင့် လူနေမှုဘဝ ထိခိုက်မှုမရှိအောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လာရောက်ဖြေကြား
  • မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မောက်မယ်မြို့နယ်တွင် (GSM)ဖုန်းလိုင်းများ မည်သည့်အချိန်၌ အသုံးပြုခွင့်ရရှိနိုင်မည်နည်း မေးမြန်းချက်အပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လာရောက်ဖြေကြား
  • လွှတ်တော်ဥက္ကဌက တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ ကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက် ရယူအတည်ပြု
  • ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးချက်များ ပြန်လည်ဆွေးနွေး
  • အမျိုးသားလွှတ်တော် (၂၆)ရက်မြောက်နေ့အစည်းအဝေးကို ယနေ့(မေ ၁၉)တွင် ကျင်းပ၊ ဥပဒေကြမ်းတစ်ခု ဆွေးနွေးခြင်းနှင့် ဥပဒေကြမ်းတစ်ခု အဆိုတင်သွင်းခြင်းတို့ကို ဆောင်ရွက်
  • ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ဥက္ကဌက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ကြောင်း ယနေ့ကြေညာ
  • ယင်းဥပဒေကြမ်းကို ရန်ကုန်မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာမြတ်ညာဏစိုးက မေ ၅ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ယနေ့(မေ ၁၉)အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေး
  • ဆွေးနွေးခဲ့သည့်ကိုယ်စားလှယ် လေးဦးမှာ စစ်ကိုင်းမဲဆန္ဒနယ် အမှတ်(၅)မှ ဦးရဲထွဋ်၊ ရန်ကုန်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦး၊ ဧရာဝတီ မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိမ်းဆွေနှင့် ရန်ကုန်မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ထွေးတို့ဖြစ်
  • ကရင်မဲဆန္ဒနယ် အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့် စပ််လျဉ်း၍ အဆိုတင်သွင်း၊ လွှတ်တော်ဥက္ကဌက လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်းကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s