roundup

လွှတ်တော်သတင်းများ (၂၁ မေ ၂၀၁၆)

ကြေးမုံသတင်းစာ/ မြန်မာ့အလင်းသတင်းစာ

  • ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်ပေးရန်အဆို လွှတ်တော်၌ မှတ်တမ်းအဖြစ်သာထားရန် ဆုံးဖြတ်
  • အဆိုကို မေ ၂၀ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေက အဆိုပါ လုပ်ငန်းစဉ်သည် ဝန်ကြီးဌာနက ဆောင်ရွက်ရမည့် ရက်ပေါင်း ၁၀၀ စီမံချက်တွင် ပါဝင်ပြီး ဖြစ်သည့်အတွက် မှတ်တမ်းအဖြစ်သာ ထားရှိရန် လွှတ်တော်ကို တင်ပြခဲ့
  • အဆိုရှင် ဒေါ်ခင်စောဝေက ယခုအဆိုသည် တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် အမျိုးသားရေး ဖြစ်သည့်အတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမည်ဖြစ်ကြောင်း တင်ပြသည့်အတွက် မဲခွဲဆုံးဖြတ်၊ ထောက်ခံမဲ(၁၅၄)မဲ၊ ကန့်ကွက်မဲ(၂၂၈)မဲ၊ ကြားနေမဲ(၇)မဲဖြင့် ကန့်ကွက်မဲများသည့်အတွက် အဆိုကို အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာထားရှိခဲ့
  • ယခင်အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ် မြို့နယ် ၁၄ မြို့နယ်၌ အိမ်ထောင်စုလူဦးရေ စာရင်းစစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်ရာတွင် ရိုဟင်ဂျာအရေး တောင်းဆိုမှုနှင့်အတူ အကြမ်းဖက်မှုများ ဖြစ်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိခဲ့
  • ထိုသို့ လုံခြုံရေး အာမခံချက် မပေးနိုင်သည့်အတွက် စာရင်းကောက်လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရကြောင်းသိရ
  • ကလေးငယ်များအတွက် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးများ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းမရှိ
  • နိုင်ငံတော်မှ ကလေးငယ်များအတွက် လုံခြုံစိတ်ချရသော အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးများ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေက ယနေ့(မေ ၂၀) ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြား
  • အသက်(၂)လ၊ (၄)လနှင့် (၆)လအရွယ်တွင် အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးပါသည့် (၅)မျိုးစပ်ကာကွယ်ဆေးကို လုံလောက်စွာ ထိုးနှံပေးလျက်ရှိကြောင်း၊ လိုအပ်ပါက ဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် အရည်အသွေးကောင်းမွန်သည့် (ဘီ)ပိုး ကာကွယ်ဆေးများကို ဝယ်ပြီး ကလေးငယ်များကို ထိုးနှံပေးရန် စီစဉ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြား
  • သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ နိုင်ငံတော်မှ ကလေးငယ်များအတွက် (ဘီ)ပိုးကာကွယ်ဆေးများ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခြင်း သို့မဟုတ် ဝယ်ယူဖြန့်ဖြူးပေးနို်င်ခြင်းရှိ၊ မရှိ၊ ပြည်တွင်းပြည်ပမှ တင်သွင်းသော ဆေးဝါးများအား မည်ကဲ့သို့ စိစစ်ကြပ်မတ်စစ်ဆေးသည်ကို သိရှိလိုကြောင်းမေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်
  • ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပပြီးစီး
  • ဝေးလံခေါင်သီ တောင်ပေါ်ဒေသများ အတွင်းရှိ ပြည်သူများ၏ ပညာအရည်အချင်းကို ကန့်သတ်ပါက တိုင်းရင်းသားပြည်သူများ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရာ၌ အခက်အခဲများ ကြံုတွေ့နိုင်
    ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆွေးနွေး
  • ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ယနေ့(မေ ၂၀) ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး
  • ယင်းဥပဒေကြမ်းကို ပဲခူးမဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးက တင်သွင်းခဲ့ခြင်းဖြစ်
  • ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ဥက္ကဌက ယနေ့ဆွေးနွေးသည့် အချက်များသည် အရေးကြီးသည့်အတွက် သတ်မှတ်ခွင့်ပြုချိန် ၁၀မိနစ်ဖြင့် မလုံလောက်ပါက ၅မိနစ် ထပ်မံခွင့်ပြုပေးမည့် အပြင် ဆွေးနွေးရာ၌ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ထိခိုက်မည့် အသုံးအနှုန်းများကို ရှောင်ရှား၍ အဆိုနှင့်ပတ်သက်သည့် အချက်ကိုသာ တင်ပြဆွေးနွေးကြရန် လွှတ်တော်ကိုယ်စားလှယ်များကို သတိပေးပြောကြား
  • အဆိုကို ရှမ်းမဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ မန္တလေးမဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၊ ပဲခူးမဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ တပ်မတော်သား ကိုယ်စားလှယ် ဗိိုလ်မှူးမျိုးထွန်းအောင်၊ ရန်ကုန်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦးနှင့် မွန်မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်းတို့က ဆွေးနွေးခဲ့ကြ
  • နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောင်သည့်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း လွှတ်တော်အတည်ပြု
  • ယင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ၂၇ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်မရှိ အတည်ပြု ပေးပို့လာသည့်အတိုင်း အတည်ပြုရန် ကန့်ကွက်သူမရှိသည့်အတွက် ၄င်းဥပဒေကြမ်းကို အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ
  • ဧရာဝတီမဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်အဆို တင်သွင်းသည့် ရေချိုငါးလုပ်ငန်း ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု
  • ပဲခူးမဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးတင်သွင်းသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ပညာအရည်အချင်း သတ်မှတ်ချက်၊ လုပ်ငန်းတာဝန် သတ်မှတ်ချက်တို့ကို အဓိကထား ဆွေးနွေးခဲ့
  • အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မေ ၂၄ရက်တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s