roundup

လွှတ်တော်သတင်းများ (၂၄ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ရန် လိုအပ်သောဘဏ္ဍာငွေ ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိင်ငံတော် ဗဟိုဘဏ်မှ ငွေကျပ်ဘီလီယံ ၅၀၀ ချေးယူခွင့် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် (၂၄)ရက်မြောက်နေ့ကျင်းပ
  • ဦးကျော်တင့်ဆွေအား ၂၀၁၆ခုနှစ် မေ ၁၇ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးပြီး ဖြစ်သဖြင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ခွင့်ပြုကြောင်း လွှတ်တော်နာယက က ကြေညာ
  • ဝန်ကြီးဌာနနှစ်ခု အမည်ပြောင်းလဲပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ကလောမဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင်၊ ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၊ ဖရူဆိုမဲဆန္ဒနယ်မှ ဦးပဲ့ဒူ၊ ကရင်မဲဆန္ဒနယ် (၁၂)မှ ဦးစောယှားဖောင်အွာ၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဟန်နှင့် စစ်ကိုင်းမဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးကိုကိုနိုင်တို့က ဆွေးနွေး
  • လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကိုယ်စား ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၄င်းတို့၏ ဆွေးနွေးချက်များအနက် စစ်ကိုင်းမဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးကိုကိုနိုင်၏ တင်ပြချက်ဖြစ်သည့် ဒုဝန်ကြီးတစ်ဦးခန့်အပ်ရန် တင်ပြဆွေးနွေးမှုကို ကျန်းမာရေးဝန်ကြီးဌာနအား အသိပေးတင်ပြသွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး
  • တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က တိုင်းရင်းသားရေးရာနှင့် ပတ်သက်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဟူ၍ မသဲမကွဲ ဖြစ်ခဲ့သောကြောင့် ၄င်းအမည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးချက်များသည် ပြည့်စုံသည့်အတွက် လွှတ်တော်မှ သင့်လျော်သည့် အမည်ကို အတည်ပြုပေးပါဟု ပြန်လည်ဆွေးနွေး
  • လွှတ်တော်နာယက က ပြည်ထောင်စုဝန်ကြီးဌာန အမည်ပြောင်းလဲ သတ်မှတ်လိုခြင်းနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန တစ်ခုချင်းအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၊ ကျန်းမာရေး ဝန်ကြီးဌာနအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအဖြစ် ပြောင်းလဲသတ်မှတ်ခြင်းကို ကန့်ကွက်သူမရှိ အတည်ပြု
  • တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအား တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအဖြစ် ပြောင်းလဲသတ်မှတ်ခြင်းကို လွှတ်တော်၏ ဆန္ဒခံယူ၊ ကန့်ကွက်သူ(၅)ဦး ရှိသော်လည်း ထောက်ခံဆန္ဒမဲ များသည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း နာယက က ကြေညာ
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တောင်သူလယ်သမားများအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူခွင့်နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၇ဦးက ထောက်ခံဆွေးနွေး
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းတို့က စိုက်ပျိုးစရိတ် ချေးငွေကို အသုံးပြုမည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ပြောကြား
  • လွှတ်တော်နာယက က ပြည်ထောင်စု အစိုးရအဖွဲ့မှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ငွေကျပ် ဘီလီယံ ၅၀၀ ချေးယူခွင့်နှင့် စပ်လျဉ်း၍ လွှတ်တော်၏ ဆန္ဒခံယူရာ ကန့်ကွက်သူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာ
  • ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးမည်
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် (၃၁)ရက်မြောက်နေ့ကို မေ ၂၄ရက် နံနက် ၁၀နာရီတွင် ကျင်းပမည်
  • အစည်းအဝေးတွင် ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးမျိုးညွန့်နှင့် ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေတို့က လမ်းပမ်းဆက်သွယ်ရေးနှင့် ပတ်သက်သော မေးခွန်းများ မေးမြန်းဖြေကြားခြင်းတို့ ဆောင်ရွက်မည်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၂၈)ရက်မြောက်နေ့ကို မေ ၂၄ရက် နံနက်ပိုင်းတွင် ကျင်းပမည်
  • အစည်းအဝေးတွင် ပဲခူးမဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦး (ဥက္ကဌ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ) က တင်သွင်းသည့် ရပ်/ကျေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်သူ့ကောင်စီ အဆင့်ဆင့်နှင့် အလုပ်မှုဆောင်အဖွဲ့ အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ဆွေးနွေးရန် အဆိုတင်သွင်းခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်
  • တောင်သူများသို့ ထုတ်ချေးရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေကျပ် ဘီလီယံ ၅၀၀ ချေးယူခွင့်ရရှိ
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တောင်သူလယ်သမားများအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူခွင့်နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၇ဦးက ထောက်ခံဆွေးနွေး
  • မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းတို့က စိုက်ပျိုးစရိတ် ချေးငွေကို အသုံးပြုမည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ပြောကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s