roundup

လွှတ်တော်သတင်းများ (၂၅ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း အဆို လွှတ်တော်က သဘောတူ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၂၈)ရက်မြောက်နေ့ကို ယနေ့(မေ ၂၄)တွင် ကျင်းပ
  • တတိယအကြိမ် ပြင်ဆင်သည့် ရပ်ကျေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဆွေးနွေး၊ ဆွေးနွေးချက်များအပေါ် ပြန်လည်ကြားနာ ဆောင်ရွက်ရန် အမျိုးသားလွှတ်တော် ဥက္ကဌက ဥပဒေကြမ်းကော်မတီကို တာဝန်ပေးအပ်
  • ပြည်သူ့ကောင်စီ အဆင့်ဆင့်နှင့် အလုပ်အမှုဆောင် အဖွဲ့အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခဲ့ခြင်းကို ပြန်လည်ရုပ်သိမ်းခွင့်ပြုရန် မကွေးမဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွှန့်က လွှတ်တော်သို့တင်ပြ၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ထောက်ခံဆွေးနွေး
  • အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြန်လည်ရုပ်သိမ်းခွင့်ပြုရန် လွှတ်တော်ဥက္ကဌက လွှတ်တော်၏ ဆန္ဒရယူရာ ကန့်ကွက်သူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာ
  • ဥပဒေကြမ်းကော်မတီဝင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ခင်မောင်အေးက  မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • အမျိုးသားလွှတ်တော်၌ ဆွေးနွေးရန် သဘောတူထားသည့် ဥပဒေကြမ်း တင်သွင်းမှုအား ရုပ်သိမ်း
  • လွှတ်တော်၌ ဆွေးနွေးရန် သဘောတူထားသည့် ပြည်သူ့ကောင်စီ အဆင့်ဆင့်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင် အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း တင်သွင်းခဲ့မှုတို့ကို ပြန်လည်ရုပ်သိမ်းရန် လွှတ်တော်က ယနေ့(မေ ၂၄) အစည်းအဝေးတွင် ဆုံးဖြတ်
  • ယင်းဥပဒေကြမ်းကို မေ ၄ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ မကွေးမဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွှန့်က တင်သွင်းခဲ့ပြီး လွှတ်တော်က လက်ခံဆွေနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ထား
  • ယင်းဥပဒေကို ရုပ်သိမ်းလိုက်ပါက အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲ အကြပ်အတည်းများ ပေါ်ပေါက်လာနိုင်သည့်အတွက် အဆိုပါရုပ်သိမ်းသည့် ဥပဒေကြမ်း တင်သွင်းခဲ့မှုကို ပြန်လည်ရုပ်သိမ်းရခြင်း ဖြစ်ကြောင်း အဆိုရှင်က လွှတ်တော်သို့ တင်ပြ
  • ၄င်းအပေါ် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ကော်မတီ၏ သဘောထားကို ပြောကြား
  • မကွေးမဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွှန့်၏ ဥပဒေကြမ်း ပြန်လည်ရုပ်သိမ်းရန် တင်ပြခြင်းကို လွှတ်တော်၌ ကန့်ကွက်သူမရှိ သဘောတူသည့်အတွက် လွှတ်တော်ဥက္ကဌက ပြန်လည်ရုပ်သိမ်းရန် ခွင့်ပြုကြောင်းကြေညာ
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၃၁)ရက်မြောက်နေ့ ကျင်းပ
  • ယနေ့(မေ ၂၄) ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေ၏ ရမ်းဗြဲမြို့မှ လေးတောင်တိုက်နယ်သို့ သွားသောကားလမ်းအား ကျောက်ချောလမ်းဖြစ်အောင် ဆောင်ရွက်ပေးနိုင်မှုရှိ၊ မရှိ မေးမြန်းချက်အပေါ် ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရမ်းဗြဲ-လေးတောင်အမာခံလမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အပြီး ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်သွားမည်ကြောင်း ဖြေကြားခဲ့
  • ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးမျိုးညွှန့်၏ မုံရွာ-သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးဗျူဟာကားလမ်းမကြီး ဖောက်လုပ်နေမှုနှင့် ရာသီမရွေး သွားလာနိုင်သော လမ်းမကြီးအဖြစ် မည်သည့်အချိန်တွင် ပြီးစီးရန် သတ်မှတ်မှုရှိ၊ မရှိ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဖြေကြားခဲ့
  • အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့လာသော နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s