roundup

လွှတ်တော်သတင်းများ (၂၆ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ယနေ့(မေ ၂၅) ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တန့်ဆည် မဲဆန္ဒနယ်မှ ဦးမြင့်ထွန်းက “ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ဝက်တိုးကျေးရွာ အတွင်းရှိ ဝက်တိုးစိုက်ကွင်း မြေဧက ၄၀၀၀ နီးပါးကို ယခုအခါ မည်သို့မည်ပုံ လုပ်ကိုင် ဆောင်ရွက်နေကြောင်းနှင့် မအောင်မမြင် ဖြစ်နေပြီး အကျိုးမရှိ ဖြစ်နေပါက နိုင်ငံတော် အကျိုးရှိအောင်၊ သိမ်းဆည်းခံ လယ်သမားများ အကျိုးရှိအောင် မည်သို့မည်ပုံ ဆက်လက် ဆောင်ရွက်မည်” ကို သိရှိလိုခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့
  • ယင်းမေးခွန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ြုကီး ဒေါက်တာထွန်းဝင်းက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်
  • မိုးကုတ်မဲဆန္ဒနယ်မှ ဦးအောင်နိုင်(ခ)ဦးနိုင်ငံကျော်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် မိုးကုတ်မြို့ အင်းကြီးအား ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ပြီးပြတ်မှု မရှိသေးသည်ကို ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်း၍ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြား
  • အစည်းအဝေးတွင် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးပြီး ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာသော ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း၊ နိုင်ငံတော်ကောင်စီ ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အတွက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် (၃၃)ရက်မြောက်နေ့ကို မေ ၂၆ရက် နံနက် ၁၀နာရီတွင် ကျင်းပမည်
  • အစည်းအဝေးတွင် ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်၏ ကံမမြို့နယ် မဒေးချောင်း မီးရထားလမ်းကူးတံတား ပျက်စီးမှုအား ပြန်လည်ပြုပြင်ရေးနှင့် ပတ်သက်သော မေးခွန်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေဇင်လတ်၏ ရွှေဘိုမြို့တွင် မြို့ရှောင်ကွင်းလမ်း ဖောက်လုပ်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ ရခိုင်ပြည်နယ် မင်းပြား-မြေပုံလမ်းအား ကတ္တရာလမ်းခင်းမည့် အစီအစဉ်၊ ကြပ်စင်မြစ်ကူးတံတား ဆောက်လုပ်မည့် အစီအစဉ်နှင့် ပြီးဆုံးနိုင်မည့် ခုနှစ်တို့ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်းသည့် မေးခွန်းတို့ကို မေးမြန်းဖြေကြားခြင်းတို့ ဆောင်ရွက်မည်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၃၀)ရက်မြောက်နေ့ကို မေ ၂၆ (ယနေ့)နံနက်ပိုင်းတွင် ကျင်းပမည်
  • အစည်းအဝေးတွင် ချင်းမဲဆန္ဒနယ် အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ ဖလမ်းမြို့ပေါ်တွင် ရေအလုံအလောက် ရရှိနိုင်ရန်အတွက် လိုင်းဗား ရေလှောင်တမံမှ ပိုက်လုံးကြီးများဖြင့် ရေသွယ်ယူနိုင်ရေးအတွက် သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်း၊ ရခိုင်မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရသေ့တောင်မြို့နယ် မိညိုထောင့်ကျေးရွာ ကမ်းပိုင်(ရေချိုတမံ)ကို ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန််းတို့နှင့် စပ်လျဉ်း၍ မေးမြန်းဖြေကြားခြင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်မည်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၂၉)ရက်မြောက်နေ့ကို ယနေ့(မေ ၂၅) နံနက်ပိုင်းတွင် ကျင်းပရာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်က မြောက်ဦးမြို့နယ် လက်ပံတောကျေးရွာ ကြိုးတံတားပြုလုပ်ရန် လိုအပ်ငွေ ကျပ်သန်း၅၀ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ထည့်သွင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ရွေးကောက်ပွဲ ဥပဒေများအား စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများနှင့် ပတ်သက်၍ ရခိုင်မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်က ဆွေးနွေး၊ ဆွေးနွေးသူရှိ၊ ၄င်း၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ ဥပဒေကြမ်း ကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် လွှတ်တော်ဥက္ကဌက ဆုံးဖြတ်
  • ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ဗိုလ်မှူးချုပ်ခင်မောင်အေးက ရှင်းလင်တင်ပြ၊ လွှတ်တော်ဥက္ကဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • လွှတ်တော်ဥက္ကဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာသည့် လျှပ်စစ်နည်းဥပဒေများ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • စစ်ဘေးရှောင်  ကလေးသူငယ်များ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန် အစိုးရက စီစဉ်ပေးရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့မှုကို ပယ်ဖျက်ခဲ့သည့်အတွက် မေးခွန်းအဖြစ်သာ ပြောင်းလဲမေးမြန်းခွင့် ရခဲ့ကြောင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်မိုးကပြော
  • အလားတူ ပြီးခဲ့သည့် မေလ ဒုတိယအပတ် အတွင်းကလည်း ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အကူအညီပေးရန် ကိစ္စနှင့်စပ်လျဉ်းသည့် အရေးကြီးအဆို တင်သွင်းမှုကိုလည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း မရှိသည့်အတွက် ပယ်ချခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s