roundup

လွှတ်တော်သတင်းများ (၂၇ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ယနေ့ (မေ ၂၆)ရက် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် အရေးကိစ္စများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦး တင်ပြထားသည့် အဆို(၂)ခုနှင့် မေးခွန်း(၁)ခုတို့နှင့် စပ်လျဉ်း၍ လွှတ်တော်ဥက္ကဌက ဖတ်ကြားတင်ပြခဲ့ပြီး အဆို၊ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့
  • ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသော ချီဖွေနှင့် ဆော့လော်မြို့နယ်တို့ကို ဆက်သွယ် ဖောက်လုပ်ထားသော ဖီမော်၊ ကန်းဖန့်၊ လန်ဆယ် ဒေသဖွံ့့ဖြိုးရေး လမ်းမကြီး အမြန် ဆောင်ရွက်ပေးနိုင်ပါရန် အဆိုနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား
  • ကချင်ပြည်နယ်၊ ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအာမိုးဆီက တင်သွင်းသည့် အရေးကြီးအဆိုနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ရွှေနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့က ရှင်းလင်းတင်ပြ
  • ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ဦးလုံဂျုံဆန်မိုင်၏ မြန်ကြီးနား-ဆွမ်ပရာဘွမ်လမ်း၊ ပူတာအိုလမ်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်းကို ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်၏ ကံမမြို့နယ် မဒေးချောင်း မီးရထားလမ်းကူးတံတား ပျက်စီးမှုအား ပြန်လည်ပြုပြင်ရေးနှင့် ပတ်သက်သော မေးခွန်းမေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က ဖြေကြား
  • ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေဇင်လတ်၏ ရွှေဘိုမြို့တွင် မြို့ရှောင်ကွင်းလမ်း ဖောက်လုပ်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြားရှင်းလင်း
  • မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ ရခိုင်ပြည်နယ် မင်းပြား-မြေပုံလမ်းအား ကတ္တရာလမ်းခင်းမည့် အစီအစဉ်၊ ကြပ်စင်မြစ်ကူးတံတား ဆောက်လုပ်မည့် အစီအစဉ်နှင့် ပြီးဆုံးနိုင်မည့် ခုနှစ်တို့ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြားရှင်းလင်း
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၃၀)ရက်မြောက်နေ့ကို မေ (၂၆)ရက်နေ့တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းမဲဆန္ဒနယ် အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ ဖလမ်းမြို့ပေါ်တွင် ရေအလုံအလောက် ရရှိနိုင်ရန်အတွက် လိုင်းဗားရေလှောင်တမံမှ ပိုက်လုံးကြီးများဖြင့် ရေသွယ်ယူနိုင်ရေးအတွက် သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက လာရောက်ဖြေကြား
  • ရခိုင်မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရသေ့တောင်မြို့နယ် မိညိုထောင့်ကျေးရွာ ကမ်းပိုင်(ရေချိုတမံ)ကို ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန််းနှင့် စပ်လျဉ်း၍ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြား
  • မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ရခိုင်မဲဆန္ဒနယ် အမှတ်(၄)မှ ဦးကျော်ကျော်က ဖတ်ကြားတင်ပြ၊ လွှတ်တော်ဥက္ကဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • လွှတ်တော်ရုံးအသီးသီးနှင့် အီတလီ နိုင်ငံခြားရေး ဝန်ကြီးဌာန အီတလီအမျိုးသား စီမံခန့်ခွဲမှု သင်တန်းကျောင်းတို့၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များနှင့် အကြီးတန်းအရာရှိများ စွမ်းရည်တည်ဆောက်ရေးဆိုင်ရာ သင်တန်းဆင်းပွဲကို ယနေ့(မေ ၂၆) မွန်းလွှဲ ၁နာရီတွင် ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိဆောင် လွှတ်တော်သင်ကြားရေး ဗဟိုဌာန ခန်းမဆောင်၌ ကျင်းပ
  • ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌက သင်တန်းဆင်း အမှာစကားပြောကြား၊ အီတလီ စီမံခန့်ခွဲမှု သင်တန်းကျောင်းမှ Ms.Renata Pavlov က သင်တန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား၊ တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့
  • အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ ဦးတီခွန်မြတ်၊ မြန်မာနို်င်ငံဆိုင်ရာ အီတလီသံအမတ်ကြီး၊ အီတလီစီမံခန့်ခွဲမှု သင်တန်းကျောင်းမှ အလုပ်အမှုဆောင်ဒါရိုက်တာ Ms.Renata Pavlovနှင့် ဆရာ၊ဆရာမများ၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် သင်တန်းသား လွှတ်တော်ကိုယ်စားလှယ် ၂၇ဦးနှင့် အကြီးတန်းအရာရှိ ၃၆ဦးတို့ တက်ရောက်ကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s