roundup

လွှတ်တော်သတင်းများ (၂၈ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ယနေ့ (မေ ၂၇) ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) အတွင်းရှိ လဂွမ်းပြင် ရေပေးဝေရေး စီမံကိန်းကို အမြန််ဆုံး အကောင်အထည်ဖော်ပြီး သောက်သုံးရေ ရရှိရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်
  • မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ ဝါစိုက်တော်သူများအား တစ်ဧကလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် သတ်မှတ် ထုတ်ချေးပေးခဲ့ရာ ယာစိုက်တောင်သူများမှာ အမှန်တကယ် ကုန်ကျမည့်စရိတ်နှင့် အဆပေါင်းများစွာ ကွာခြားနေသောကြောင့် ထပ်မံတိုးမြှင့် ထုတ်ချေးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုဝန်ကြီးက ထုတ်ချေးပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားခဲ့
  • ကရင်မဲဆန္ဒနယ် အမှတ်(၄)မှ ဦးစိုင်းသန်းနိုင်၏ ပြည်သူအများ လက်ဝယ်၊ ဝယ်ယူပိုင်ဆိုင် အသုံးပြုနေကြသော တရားမဝင် မော်တော်ယာဉ်များအား သင့်တော်သည့် နည်းလမ်းတစ်မျိုးမျိုးဖြင့် တရားဝင်လိုင်စင် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်
  • ရခိုင်မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရသေ့တောင်မြို့နယ် အုတ်ဖို(ခ) အိုးဖောက်ကျေးရွာ၌ သင်္ဘောဆိပ်ခံတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ရခိုင်မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်ရှိ ပျက်စီးနေသော ရထားလမ်းများအား ပြုပြင်ပြေးဆွဲမည့် အချိန်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • အမျိုးသားလွှတ်တော်မှ အတည်ပြုပြီး ပေးပို့ထားသည့် ပြည်သူ့ကောင်စီဥပဒေ (ဥပဒေအမှတ် ၈/၁၉၇၄) နှင့် နိုင်ငံတော်ကောင်စီဥပဒေ (ဥပဒေအမှတ် ၁၀/၁၉၇၄)တို့ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ သဘောတူကြောင်း ဆုံးဖြတ်ချက်ကို ပြန်လည်ပေးပို့လာကြောင်း လွှတ်တော်ဥက္ကဌက လွှတ်တော်သို့ အသိပေးကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s