roundup

လွှတ်တော်သတင်းများ (၃၁ မေ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညိုက ယနေ့(မေ ၃၀) ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် အတွင်းရှိ ပင်လယ်ကမ်းခြေတွင် ဒီရေတောများ ဖွဲ့စည်းပေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့
  • ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ ကျောက်တံတားမြို့နယ် အတွင်း၌ မဲစာရင်းများ မှားယွင်းနေမှုအပေါ် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နောင်လာမည့် ရွေးကောက်ပွဲကာလ၌ မဲစာရင်း မှန်ကန်နိုင်စေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ဖြေကြား
  • ကချင်ပြည်နယ် မံစီမဲဆန္ဒနယ်မှ ဦးချင်းဖေလင်း၏ ကချင်ပြည်နယ် မံစီမြို့နယ်တွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောတွင်း ကျရောက်လျက်ရှိသော ကျေးရွာများ၊ ကျေးရွာမြေများအား သစ်တောဧရိယာမှ ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် လူဦးရေ တိုးတက်လာသည်နှင့်အမျှ လူနေအိမ်များ တိုးချဲ့လုပ်ဆောင်နိုင်ရန် စိုက်ပျိုးမြေများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ကြိုးပြင်ကာကွယ်တော ဧရိယာများ လျော့ချပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ မရှိပါက အဘယ်ကြောင့် မရှိသည်တို့ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ကရင်ပြည်နယ် ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်သန်းသန်းလွင်၏ ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ရာတွင် မိုးပွင့်စီမံချက်များအတိုင်း မြန်ဆန်စွာ သတ်မှတ်နှုန်းထားအတိုင်း သက်သာသော စရိတ်နှုန်းထားဖြင့် နိုင်ငံသားတိုင်းအပေါ် တစ်ပြေးညီ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • ယနေ့(မေ ၃၀) ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းမဲဆန္ဒနယ် အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းက ဖလမ်းမြို့သစ် စီမံကိန်းနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းများကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်အတိုင်း ထားရှိရန် အမျိုးသားလွှတ်တော်က သဘောတူ
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် ၃၆ရက်မြောက်နေ့ကို မေ ၃၁ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်၊ အစည်းအဝေးတွင် လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စည်သူနှင့် ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်တို့၏ လျှပ်စစ်မီးနှင့် ပတ်သက်သော မေးခွန်းနှစ်ခုနှင့် ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သော မေးခွန်းတို့ကို မေးမြန်းဖြေကြားခြင်းတို့ ဆောင်ရွက်မည်
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် ၂၅ရက်မြောက်နေ့ကို မေ ၃၁ရက် မွန်းလွှဲ ၁ နာရီတွင် ကျင်းပမည်၊ အစည်းအဝေးတွင် ဥပဒေကြမ်းသုံးခုကို မှတ်တမ်းတင်ခြင်း၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်းပူးပေါင်း ကော်မတီတွင် လစ်လပ်သွားသော အဖွဲ့ဝင်နေရာ ထည့်သွင်းဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော အာဆီယံ၏ ကင်းလွတ်ခွင့်နှင့် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်မည်
  • ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆက်လက်ကျင်းပ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s