roundup

လွှတ်တော်သတင်းများ (၁ ဇွန် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ယနေ့(မေ ၃၁) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က “အာဆီယံ၏ ကင်းလွတ်ခွင့်နှင့် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြု ဝင်ရောက်နိုင်ရေး”ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ
  • ယင်းစာချုပ်ကို ထိုင်းနိုင်ငံ ချာအမ်း-ဟွာဟင်းမြို့တွင် ၂၀၀၉ခုနှစ် အောက်တိုဘာလ ၂၆ရက်က မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ်ရေးထိုးထားကြောင်း သိရ
  • ယင်းစာချုပ်ကို အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံအနက် ဘရူနိုင်းဒါရုဆလမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ အတည်ပြု ဝင်ရောက်ပြီးဖြစ်ရာ မြန်မာ၊ မလေးရှားနှင့် လာအိုနိုင်ငံတို့သာ အတည်ပြုရန် ကျန်ရှိနေကြောင်းသိရ
  • ယနေ့( မေ ၃၁) ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှ ဦးထွန်းထွန်းက ရေနံလက်ယက်တွင်း လုပ်ငန်းများက ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ခဲ့သော ငွေကျပ် ၂ ဒသမ ၈ဘီလီယံခန့် ရှိကြောင်း၊ ယင်းရန်ပုံငွေများကို အစိုးရအဖွဲ့အသစ်သို့ လွှဲ၊ မလွှဲနှင့် လွှဲခဲ့သည်ဆိုပါက မည်သည့်ဒေသဖွံ့ဖြိုးရေုး လုပ်ငန်းအမျိုးအစားများ လုပ်ကိုင်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဖြေကြားခဲ့
  • လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၏ ကယားပြည်နယ်ရှိ ကျေးရွာနှစ်ခုတွင် လျှပ်စစ်မီးရရှိရေးနှင့် မီခင်းရန် စိုက်ထူထားသော သစ်သားဓာတ်တိုင်များကို ကွန်ကရစ်ဓာတ်တိုင်များနှင့် အစားထိုးရေးနှင့် ပတ်သက်သော မေးခွန်းမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေဇင်ထွန်းက ဆက်လက်ဖြေကြားခဲ့
  • ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ ကျောက်တံတားမြို့နယ် လျှပ်စစ်ဖြန့်ဖြူးရေး နှင့်ပတ်သက်သော မေးခွန်းကို ဆက်လက်မေးမြန်းရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေဇင်ထွန်းက ဖြေကြားခဲ့
  • ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ်၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်သူလူထုအား ထိရောက်လုံလောက်စွာ ပေးနိုင်ရန် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို တိုးချဲ့ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်ကြောင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့
  • အဆိုရှင်က မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ခြင်းလုပ်ငန်းထက် ကုသခြင်းလုပ်ငန်းကို ပိုမိုအလေးထား ဆောင်ရွက်သည်ကို တွေ့ရကြောင်း၊ ၂၀၁၄ခုနှစ်တွင် ဆေးရုံပေါင်း ၉၀၀ကျော် ရှိခဲ့ပြီး ၂၀၁၅ခုနှစ်တွင် ဆေးရုံပေါင်း ၁၂၀၀နီးပါး တိုးတက်လာခဲ့ကြောင်း သို့သော်လည်း ၂၀၁၀ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ သူနာပြု၊ သားဖွားသင်တန်းကျောင်း (၄၆)ကျောင်းသာ ရှိခဲ့ကြောင်း
  • ကျောင်းကျန်းမာရေးဌာနများမှာ ၂၀၁၀ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ ဌာန (၈၀)သာရှိသည့်အတွက် မိမိတို့ နိုင်ငံ၏အနာဂတ်တွင် အရေးကြီးလှသည့် ကျောင်းကျန်းမာရေးကဏ္ဍသည် မြို့နယ်တိုင်းရှိရမည် ဖြစ်သော်လည်း လေးပုံတစ်ပုံသာ ရှိပါကြောင်း ပြောကြားပြီး ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမိုထိရောက်ကြောင်းကို အဆိုရှင်က ထောက်ပြဆွေးနွေး
  • ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ယနေ့(မေ ၃၁) ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်က ပြင်ဆင်ခြင်း၊ အသစ်ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများပြုလုပ်၍ အတည်ပြု
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်းတို့ကို သုံးစွဲဆောင်ရွက်ခွင့် ရရှိစေရန်နှင့် ယင်းတို့အား ဥပဒေအရ အကာအကွယ်ပေးရန်၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်သူများကြောင့် အများပြည်သူအား အနှောင့်အယှက်ဖြစ်စေခြင်း၊ ဘေးအန္တရာယ်ဖြစ်စေခြင်း၊ ထိခိုက်နစ်နာစေခြင်းနှင့် အဟန့်အတားဖြစ်စေခြင်းတို့မှ ကာကွယ်ရန်အတွက် ယခုဥပဒေကို ပြဌာန်းခြင်းဖြစ်ကြောင်း ယင်းဥပဒေကြမ်း၏ နိဒါန်း၌ ဖော်ပြထား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s