roundup

လွှတ်တော်သတင်းများ (၂ ဇွန် ၂၀၁၆)

  • ကန်ပက်လက်မြို့နယ် အတွင်းရှိ ရင်ကွဲတောင်၊ ကြက်မောက်တောင် သစ်တောကြိုးဝိုင်းနှင့် ကြိုးဝိုင်းပြင်ပရှိ ကျွန်းအပါအဝင် သစ်များ ထုတ်ယူနေခြင်းကို သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းနိုင်ရန်အတွက် ရပ်ဆိုင်းရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမည်
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် (၃၈)ရက်မြောက်နေ့ကို ယနေ့(ဇွန် ၁)တွင် ကျင်းပမည်ဖြစ်ရာ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးနှင့် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်တို့က မေးခွန်းမေးမြန်းမည်ဖြစ်ရာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားမည်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် (၃၅)ရက်မြောက်နေ့ကို ယနေ့(ဇွန် ၁)တွင် ကျင်းပမည်ဖြစ်ရာ ချင်းမဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်က သစ်တောနှင့် ပတ်သက်သော မေးခွန်းကို မေးမြန်းရာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားမည်
  • ယနေ့(ဇွန် ၁)ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က မကွေးတိုင်းဒေသကြီး အနောက်ပိုင်းရှိ သစ်တောပြုန်းတီးမှုများနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများအား ထိန်းသိမ်းစောင့်ရှောက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူ
  • သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး၏ သာစည်မြို့နယ်ရှိ တိမ်ကောနေသော ညောင်ရမ်း မင်းလကန်ကြီးအား ဆက်လက်ပြုပြင်ပေးရန်အတွက် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ခွဲဝေချထားပေးရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြားခဲ့
  • နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ သမဝါယမ အသေးစားငွေကြေးဝန်ဆောင်မှု ချေးငွေလုပ်ငန်းနှင့် ပတ်သက်ပြီး ၂၀၁၆ခုနှစ်အတွင်း တစ်နှစ်တစ်ကြိမ် တိုး/ရင်းပေါင်း ပြန်လည်ပေးဆပ်သော စနစ်ကို ကျင့်သုံးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဖြေကြား
  • တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၏ တန့်ဆည်မြို့နယ်အတွင်းရှိ မြေဧက ၂၀၁၈၁ဧကကို လူ ၁၃ဦး၏ နာမည်ပေါက် ချထားပေးခဲ့ရာ အခက်အခဲများ ကြုံတွေ့ရခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ ၃၆(က)၊ ဥပဒေပုဒ်မ ၂၁နှင့် ဥပဒေပုဒ်မ ၂၂(ဂ)ပါ ပြဌာန်းချက်များကို ဒေသခံများနှင့် အသုံးပြုခွင့် ရရှိထားသူများ သိအောင် မည်သို့ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် လယ်ယာမြေ ပိုင်ဆိုင်ခွင့်ပုံစံ (၇) ထုတ်ပေးထားခြင်း ရှိ/ မရှိ သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့
  • ယနေ့(ဇွန် ၁)ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကရင်မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၏ ပလက်ဝတံတား တည်ဆောက်ရေးနှင့် ပတ်သက်သော မေးခွန်းကို မေးမြန်းရာ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ရခိုင်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ကြပ်စင်မြစ်ကူးတံတားကို အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်ရန်အတွက် ပြည်နယ်ရန်ပုံငွေမှ ဘဏ္ဍာငွေ ပိုမိုချပေးရေးနှင့် ပတ်သက်သော မေးခွန်းကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဖြေကြား
  • အစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေတို့ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် အမည်စာရင်း တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ် မရှိသဖြင့် လွှတ်တော်က ဥပဒေကြမ်းနှစ်ခုကို ပြင်ဆင်ချက်မရှိ အတည်ပြု
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s