roundup

လွှတ်တော်သတင်းများ (၃ ဇွန် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ယနေ့(ဇွန် ၂) ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ ယခုအစိုးရသစ် လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသား စသည့် ဝေါဟာရများအတွက် စကားရပ်အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၏ ဝေါမြို့နယ်ရှိ ပြန်လည်အပ်နှံ လယ်မြေများကို သီးစားဖြင့် လုပ်ကိုင်ခဲ့ရသည့် ကိစ္စ၊ ပန်းညိုကျေးရွာအုပ်စုပိုင် ကွင်းအမှတ် ၁၂၀၄ကွင်းရှိ စားကျက်မြေဧက ၁၀၀ ကျော်ကို မည်သို့ စီမံဆောင်ရွက်ပေးမည်တို့ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ ကျောက်ဖြူမြို့၏ မြစ်ကမ်းပါး မြေထိန်းနံရံများတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြားခဲ့
  • အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့လာသော “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း”ကို လက်ခံရရှိကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌက လွှတ်တော်သို့ အသိပေးတင်ပြခဲ့
  • ယနေ့ (ဇွန် ၂) ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းမဲဆန္ဒနယ် အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်၏ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း ကျွန်းအပါအဝင် သစ်များ ထုတ်ယူနေခြင်းကို ရပ်ဆိုင်းရန် အစီအစဉ်ရှိ၊ မရှိနှင့် ရပ်ဆိုင်းရန် မရှိပါက ပွင့်လင်းမြင်သာသော အစီအစဉ်ဖြင့် ထုတ်လုပ်ရန်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ကချင်မဲ ဆန္ဒနယ်အမှတ် (၁၀)မှ ဦးသိန်းလွင်၏ မေးမြန်းချက်အပေါ် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်ခိုင်က ဖြေကြားခဲ့
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် ၃၉ရက်မြောက်နေ့ကို ဇွန် ၃ရက် နံနက် ၁၀နာရီတွင် ကျင်းပမည်ဖြစ်ရာ ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၏ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို အခွန်ပေးဆောင်စေပြီး လိုင်စင်ထုတ်ပေးရန်နှင့် တရားမဝင် သယ်ဆောင်ရောင်းဝယ်နေသော ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ကားများကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်းကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
  • ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ ပန်းတောင်းမြို့နယ် အတွင်းမှ ရုံးစိုက်ရာမြို့သို့ လည်းကောင်း တစ်မြို့နယ်လုံး မဖြစ်မနေ မှီခိုအားထားနေရသည့် ခရိုင်မြို့(ပြည်မြို့) သို့ လည်းကောင်း ဆက်သွယ်ပေးနိုင်မည့် ယာဉ်များ စီစဉ်ဆောင်ရွက်ပေးရန်နှင့် အဝေးပြေးကားများ ဝင်ရောက်နိုင်ရန် လမ်းများနှင့် ကားဂိတ်များ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
  • ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၏ ဂန့်ဂေါမြို့နယ် ကျော-ရေမျက်နီ ရထားလမ်းတွင် ရထားပြန်လည်ပြေးဆွဲရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
  • ပလက်ဝမဲဆန္ဒနယ်မှ ဦးစိန်အောင်၏ ဆက်သွယ်ရေး အလွန်ခက်ခဲသော ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် GSM စနစ် တယ်လီဖုန်းလိုင်း တပ်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
  • ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်၏ ကြံခင်း-ပခုက္ကူ မီးရထားလမ်း ဖောက်လုပ်ခဲ့ရာ၌ လက်လွတ်ဆုံးရှုံးခဲ့ရသော ကံမမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ လယ်ယာမြေများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကာလပေါက်စျေးနှင့်အညီ နစ်နာကြေးပေးလျော်ရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
  • ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၏ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော်တံတားအကြား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ပိုင်ဆိုင်သော မြေဧရိယာဧက ၂၀ခန့်ကို တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပါက ဗိုလ်တထောင် ကမ်းနားတစ်လျောက် သောင်ထွန်းမှုတောက်လျောက် ဖြစ်ပေါ်လာနို််င်ခြင်း၊ သင်္ဘောရေလမ်းကြောင်း ပိတ်ဆို့စေနိုင်ခြင်း၊ ဗိုလ်တထောင် သမိုင်းဝင်စေတီတော်၏ အဆောက်အအုံများ စိုးရိမ်ဖွယ်ဖြစ်ပေါ်ဖြစ်ခြင်း၊ ရန်ကုန်ကမ်းနားလမ်းတစ်လျောက် ကွန်တိန်နာကားများ ပိတ်ဆို့စေနိုင်ခြင်း၊ စသည်တို့ကြောင့် အဆိုပါစီမံကိန်းအား ရပ်ဆိုင်းပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် အဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်မည်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှတ် ၃၆ရက်မြောက်နေ့ကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပသွားမည်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s