roundup

လွှတ်တော်သတင်းများ (၄ ဇွန် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိိိုးရေးကောင်စီ ဥပဒေအမှတ်၊ ၁/၂၀၁၀) အားရုပ်သိမ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ(၂၀၁၅ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၀) ကို ၂၀၁၅ခုနှစ် ဇူလိုင် ၁၄ရက်တွင် ပြဌာန်းခဲ့
  • ပြည်ထောင်စုလွှတ်တော်က အသစ်ပြဌာန်းခဲ့သည့် ယင်းဥပဒေတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်ရှိ အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၏ အရည်အချင်းများနှင့် ပတ်သက်၍ ပုဒ်မ၁၆(ဇ)၌ “နိုင်ငံရေးပြစ်မှုဖြင့်သော်လည်းကောင်း၊ အကျင်းစာရိတ္တဆိုင်ရာ ပြစ်မှုဖြင့်သော်လည်းကောင်း တရားရုံး၏ ပြစ်ဒဏ်စီရင်ချက် ကျခံဖူးသူ မဖြစ်စေရ” ဟု ပြဌာန်းထား
  • ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုဒ်မ ၁၆(ဇ)ပါ “နိုင်ငံရေးပြစ်မှုဖြင့် သော်လည်းကောင်း”ဟူသော စကားရပ်သည် ခေတ်နှင့် လိုက်လျော်ညီထွေမှု မရှိကြောင်း သဘောထား သုံးသပ်ရရှိခဲ့ပြီးဖြစ်
  • ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲ အတွေ့အကြုံများအရ လည်းကောင်း၊ မဲဆန္ဒရှင်များ၊ နိုင်ငံရေးပါတီများ၊ CSO များ၏ အကြံပြုချက်များ အရလည်းကောင်း ခေတ်ကာလနှင့် မလျော်ညီတော့သည့် ဥပဒေ၊ နည်းဥပဒေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထား
  • ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော်တံတားအကြား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော မြေဧက ၂၀ ခန့်ကို အသုံးပြု၍ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီက တည်ဆောက်မည့် ဆိပ်ခံတံတားစီမံချက် ရပ်ဆိုင်းပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်ကြောင်းအဆိုကို ပြည်သူ့လွှတ််တော်၌ လက်ခံဆွေးနွေးမည်
  • ယင်းအဆိုကို ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းက ယနေ့(ဇွန် ၃) ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့၊ အဆိုကို ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးနေဖူးဗဆွေက ထောက်ခံဆွေးနွေး
  • ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်၊ လွှတ်တော်ဥက္ကဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ဇွန် ရရက် နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ကြေညာ
  • အစည်းအဝေးတွင် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၏ လိုင်စင်မဲယာဉ်များကို အခွန်ပေးဆောင်စေပြီး လိုင်စင်ထုတ်ပေးရန်နှင့် တရားမဝင် ရောင်းဝယ်နေသော လိုင်စင်များကို မည်သို့ အရေးယူ ဆောင်ရွက်မည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်၏ ကြံခင်း-ပခုက္ကူ မီးရထားလမ်း ဖောက်လုပ်ခဲ့ရာ၌ လက်လွတ်ဆုံးရှုံးခဲ့ရသော ကံမမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ လယ်ယာမြေများကို ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် ကာလပေါက်စျေးနှင့်အညီ နစ်နာကြေးပေးလျော်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားခဲ့
  • ရပ်/ကျေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ယနေ့(ဇွန် ၃) အစည်းအဝေးတွင် တစ်ပိုဒ်ချင်းစီအလိုက် အမျိုးသားလွှတ်တော်က အတည်ပြုပြဌာန်းရာ ကန့်ကွက်သည့် ကိုယ်စားလှယ်များ ရှိသော်လည်း ပြင်ဆင်ချက်များအတိုင်း အတည်ပြုခဲ့
  • ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၅ဦးက မေ ၂၀နှင့် ၂၄ရက်၌ ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အကြံပြု ဆွေးနွေးချက်များအပေါ် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာခဲ့
  • ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ယနေ့(ဇွန် ၃) အစည်းအဝေးတွင် စစ်ကိုင်းမဲဆန္ဒနယ်အမှတ် (၆)မှ ဦးဇော်မင်းက လွှတ်တော်သို့ ပြန်လည်ဖတ်ကြားတင်ပြ
  • လွှတ်တော်ဥက္ကဌက ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်များအတိုင်း တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ဆန္ဒကို ရယူအတည်ပြု
  • ပဲခူးမဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးက ရပ်/ကျေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်း
  • အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ဆန္ဒကို ရယူ အတည်ပြုရာ၌ ကန့်ကွက်သည့် ကိုယ်စားလှယ်အချို့ ရှိသော်လည်း ဥက္ကဌ မန်းဝင်းခိုင်သန်းက ဥပဒေကြမ်းတစ်ရပ်လုံးကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်က အတည်ပြုပြီးဖြစ်သည့်အတွက် ဆက်လက်ဆောက်ရွက်သွားမည် ဖြစ်ကြောင်းပြောကြား
  • ရပ်/ကျေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s