roundup

လွှတ်တော်သတင်းများ (၈ ဇွန် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် အတွင်းရှိ ပင်လယ်ကမ်းခြေတွင် ဒီရေတောများ ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို မှတ်တမ်းတင်ရန် ပြည်သူ့လွှတ်တော်က ယနေ့(ဇွန် ရ) အစည်းအဝေးတွင် ဆုံးဖြတ်
  • အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၁ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဆိုကို မှတ်တမ်းတင်ခွင့်ပြုရန် လွှတ်တော်သို့ ရှင်းလင်းတင်ပြ
  • အဆိုရှင် ဒေါက်တာဒေါ်ခင်ညိုကလည်း မှတ်တမ်းတင်ပေးရန် တင်ပြသည့်အတွက် လွှတ်တော်ဥက္ကဌက အဆိုအား မှတ်တမ်းတင်ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၊ ကန့်ကွက်သူ မရှိသဖြင့် အဆိုကို မှတ်တမ်းတင်ခဲ့ခြင်းဖြစ်
  • လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၏ လယ်ဝေးမြို့နယ် ပေါက်မြိုင်မဲဆန္ဒနယ် အတွင်းရှိ လယ်မြေဧက ၃၀၀၀ကျော်အား ဆင်စာကြိုးဝိုင်း နယ်မြေအတွင်းမှ ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းဖြေကြားခဲ့
  • သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ သနပ်ပင်မြို့နယ်ရှိ ကျေးရွာများအား ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ချေးငွေအမြန်ဆုံး ရရှိရေး ဆောင်ရွက်ပေးရန်နှင့် လျှပ်စစ်မီးလင်းရေး ကုန်ကျစရိတ်ထက်ဝက် ၅၀ ရာခိုင်နှုန်းကို ကျခံပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဖြေကြားခဲ့
  • ယနေ့ (ဇွန် ရ) ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စု ဝါးဒတ်ကွင်းကျေးရွာအနီး မြေလွတ်မြေလပ်များတွင် တဲအိမ်ဖြင့် အိမ်ခြေ ၄၀၀ခန့် အခြေချ နေထိုင်သူများကို အကြမ်းဖက် ရိုက်နှက်နှင်ထုတ်ပြီး အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသည် ဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိ စိစစ်ခြင်း၊ နစ်နာသူများအား ကုစားပေးရန်နှင့် တာဝန်ရှိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ရန်ကုန်မဲဆန္ဒနယ် အမှတ် (၁၁)မှ ဒေါ်နော်လှလှစိုးက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် သက်ဆိုင်သော နိုင်ငံဖြတ်ကျော် လုပ်ငန်းများတွင် ပိုမိုလျင်မြန် သွက်လက်စေရန် အစီအစဉ်ချမှတ် ဆောင်ရွက်ထားခြင်း ရှိ၊ မရှိနှင့် ရှိပါက မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဒုဝန်ကြီးက ဖြေကြား
  • အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု ပေးပို့လာသည့် လျှပ်စစ်နည်းဥပဒေများ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေများကို လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုကြောင်း လွှတ်တော််ဥက္ကဌက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s