roundup

လွှတ်တော်သတင်းများ (၉ ဇွန် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ယနေ့ (ဇွန် ၈) ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား အနီးရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ပိုင်ဆိုင်သည့် မြေဧက ၂၀ခန့်ကို အသုံးပြု၍ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီက တည်ဆောက်မည့် ဆိပ်ခံတံတားစီမံချက် ရပ်ဆိုင်းပေးရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၅ဦးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က ထောက်ခံ ဆွေးနွေးကြပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့
  • ယင်းစီမံကိန်းတွင် ကောင်းကျိုးထက် ဆိုးကျိုးများသည်ကို တွေ့ရကြောင်း၊ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ရန်ဖြစ်သော်လည်း ယခုစီမံကိန်းသည် အန္တရာယ် ကြီးမားသည့်အတွက်ကြောင့် စွန့်စား၍ မလုပ်သင့်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြား
  • လှိုင်းမဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးကလည်း မြန်မာနို်င်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ခွင့်ပြုလိုက်ပြီး လွှတ်တော်က မသင့်တော််သဖြင့် ပယ်ဖျက်လိုက်ရသည့် ဖြစ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေပါက ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှု ပျက်ယွင်းစေခြင်း၊ လျော်ကြေးပေးရခြင်း တို့ကြောင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ထိခိုက်နစ်နာကြောင်း ထောက်ပြဆွေးနွေး
  • ယင်းအဆိုကို ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြု
  • ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၏ ဖာပွန်မြို့နယ် ကမမောင်းမြို့နှင့် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူမြို့တို့အကြား မြစ်ကူးကြိုးတံတား ဆောက်လုပ်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြားခဲ့
  • ဖြူးမဲဆန္ဒနယ်မှ ဦးသန်းညွှန့်၏ ဖြူးမြို့နယ် အုတ်ဖြတ်ကျေးရွာရှိ အုတ်ဖြတ်မြစ်ကူးတံတား စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရန် ရှိ၊ မရှိ သိရှိလိုကြောင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြားခဲ့
  • ရေစကြိုမဲဆန္ဒနယ်မှ ဒေါက်တာတင်ဌေးအောင်၏ မြစ်ကြောင်းပြောင်း တိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ပြိုကျ၍ ဆုံးရှုံးပျက်စီးမှုများနှင့် ရေကြောင်း ပိတ်ဆို့မှုများအား ကြိုတင်ကာကွယ်ရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ရေနံချောင်းမဲဆန္ဒနယ်မှ ဦးသာချို(ခ) ဦးတင်ကြိုင်၏ ရေနံချောင်းမြို့ရှိ ညောင်လှဆိပ်ကမ်းသည် ခေတ်အဆက်ဆက် ခိုင်မာစွာ တည်ရှိခဲ့ပြီး ထိန်းသိမ်းရေးဌာနမှ နှစ်ပေါင်းများစွာ မြစ်ကြောင်းထိန်းသိမ်းမှု မရှိခဲ့၍ ဆိပ်ကမ်းတိမ်ကောပပျောက်သွားခြင်းအား ပြန်လည်ဖော်ထုတ်နိုင်ရန် ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆက်လက်ဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော်် ပထမပုံမှန် (၃၈)ရက်မြောက်နေ့ကို ယနေ့ (ဇွန် ၈) နံနက် ၁၀ နာရီတွင် ကျင်းပ
  • ရှမ်းမဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးစိုင်းစံအောင်၏ ဟိုပန်မြို့နယ် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရှိ မော်ဟွေ့ကျေးရွာအုပ်စုနှင့် ဟင်းနားကျေးရွာတို့မှ ရေတိုက်စား ကမ်းပါးပြိုကျမှုများ အမြန်ဆုံးပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြားခဲ့
  • ရခိုင်မဲဆန္ဒ္ဒနယ် အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငခူရှည်ကျေးရွာအုပ်စု ငခူရှည် ဖွံ့ဖြိိိုးရေးတာတမံ၌ ပျက်စီးနေသော တာတမံ ဆည်ရိုးများကို ပြည်ထောင်စုအစိုးရမှ ပြန်လည်ဆည်ဖို့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြားခဲ့
  • အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ ပြန်လည်ပေးပို့လာသည့် ပြင်ဆက်ချက် လေးခုအနက် သုံးခုကို လွှတ်တော်က သဘောတူခဲ့၊ ကျန်ပြင်ဆင်ချက်အား ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့
  • အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ ၅ပါ အဖွဲ့ဝင် ၅ဦးစီကို ဆိုသည့် စကားရပ်အား ငါးဦးစီထက် မပိုသော အဖွဲ့ဝင်များကို ဆိုသည့်အစားရပ်ဖြင့် အစားထိုးရန် ပြည်သူ့လွှတ်တော်က သဘောတူခဲ့သော်လည်း အမျိုးသားလွှတ်တော်က ငါးဦးစီထက်မပိုသော အရေအတွက် တူညီသည့် အဖွဲ့ဝင်များကို ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့
  • အစည်းအဝေးတွင် မကွေးမဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်၏ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အသုံးပြုခြင်း မရှိတော့သည့် ၀ ဒသမ ၄၉ဧကရှိ မြေနေရာတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆက်ဖြူကျွန်းမြို့ အုပ်ချုပ်ရေးမှူးရုံး မြေနေရာတွင် သတ်မှတ်ချက် ထားပေးနို်င်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြားခဲ့
  • ရခိုင်မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ပုဏ္ဏားကျွန်းမြို့နယ် ကံပြင်ကျေးရွာ ကျွဲခိုးမော်ကွင်း အမှတ်(၅၀၃) ဒီရေတားတမံအား ဆယ်ဖို့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြားခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s