roundup

လွှတ်တော်သတင်းများ (၁၀ ဇွန် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliament Union-MPU) အစည်းအဝေးကို ယနေ့(ဇွန် ၉) မွန်းလွှဲ ၁နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပ
  • အစည်းအဝေးတွင် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ဥက္ကဌ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက အဖွဲ့၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များမှ စွမ်းရည်မြင့်တင်ရေး အစီအစဉ်များအား ဆောင်ရွက်လျက်ရှိကြောင်း
  • ယခင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရေးနှင့် လွှတ်တော်အသီးသီး၏ လွှတ်တော်ရုံးများ ဖွဲ့စည်းနိုင်ရေး ကိစ္စရပ်များအတွက် တိုင်းနှင့်ပြည်နယ် လွှတ်တော်ဥက္ကဌများ ဆွေးနွေးညှိနှိုင်း သဘောထားပေးစေလိုကြောင်း ပြောကြားခဲ့
  • လွှတ်တော်ဆိုင်ရာအဖွဲ့ ဒုဥက္ကဌ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဒီမိုကရေစီ ဖော်ဆောင်ရာတွင် လွှတ်တော်၏ အခန်းကဏ္ဍ အရေးကြီးပုံ၊ လွှတ်တော်အားကောင်းမှ ဥပဒေပြုရေးလုပ်ငန်းများ ချောမွေ့ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီး၏ လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လွှတ်တော်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်စေလိုကြောင်း ပြောကြား
  • ပြည်ထောင်စုလွှတ််တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျင်ဖေက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဇယား(၂)၊ တိုင်းနှင့်ပြည်နယ် ဥပဒေပြု စာရင်းအရ တိုင်းနှင့်ပြည်နယ်များမှ ပြဌာန်းနိုင်သည့် အကြောင်းအရာကိစ္စ၊ ဖွဲ့စည်းပုံအခြခံဥပဒေ၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေများအရ တိုင်းနှင့်ပြည်နယ် လွှတ်တော်ရုံးများ ဖွဲ့စည်းနိုင်ရေး ကိစ္စတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ
  • ထို့နောက် အဖွဲ့ဝင်များဖြစ်ကြသော တိုင်းနှင့်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌများက တိုင်းနှင့်ပြည်နယ် လွှတ်တော်ရုံးများ ဖွဲ့စည်းရေး အပါအဝင် လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ယင်းဆွေးနွေးချက်များအပေါ် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဒုဥက္ကဌက ပြန်လည်ရှင်းလင်းဆွေးနွေး
  • ယနေ့ (ဇွန် ၉) ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်မှ ဦးစောတင်ဝင်းက ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ နယ်ခြားဂိတ် ပိတ်ထားခြင်းအား ဖွင့်လှစ်ရန် ရှိ၊ မရှိ မေးမြန်းမှုအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဖြေကြားခဲ့
  • သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ သနပ်ပင်မြို့နယ်ရှိ ဒီရေတိုက်စားပြီး ကမ်းပါးပြိုခဲ့သော ကသစ်ခုံကျေးရွာအား ပြန်လည်နေရာ ချထားပေးရန်နှင့် ထောက်ပံ့ကူညီမှုများ အလျင်အမြန် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း၏ မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာစျေးကို မည်သည့်အချိိန်တွင် စတင်တည်ဆောက်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • ယနေ့ (ဇွန် ၉) ကျင်းပသည့် အမျိိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၏ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ၁၈ပေ အကျယ် ၈လက်မထု ကွန်ကရစ်ခင်းခြင်း ပေ ၆၀၀ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေကျပ်သန်း ၃၅ ဒသမ ၄၀ လျာထားပါကြောင်း ဖြေကြား
  • ရခိုင်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ လက်ပံပြား ကျေးရွာအနီး ဘောဒါချောင်းအား ကွန်ကရစ်ချောင်းကူးတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြားခဲ့
  • ဧရာဝတီ မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိမ်းဆွေ၏ ဖျာပုံမြို့နယ် နောက်မီးကျေးရွာ အုပ်စုတွင် လယ်ယာမြေများကို ဖျက်ဆီးပြီး တရားမဝင် ဂဏန်းမွေးမြူရေး လုပ်ငန်းကြောင့် ပင်လယ်ရေဝင်ပြီး လယ်သမားများ၏ စပါးသီးနှံများ ပျက်စီးဆုံးရှုံးမှုကို ထိရောက်သော ဟန့်တားဆောင်ရွက်မှုများ ပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ဧရာဝတီမဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိမ်းဆွေက အဆိုပါ လုပ်ငန်းခွင်အတွင်း တရားမဝင် လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားနှစ်ဦးကို ဥပဒေနှင့်အညီ ထပ်မံ ဖမ်းမိထားသည်ကို မည်သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းရာ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆက်လက်ဖြေကြား
  • ခေတ်စနစ်နှင့်အညီ တည်ဆဲမော်တော်ယာဉ် ဥပဒေကို ပြင်ဆင်ရေးဆွဲရန်အတွက် အခြေခံသင့်သည့် အချက်အလက်များနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ယနေ့(ဇွန် ၉) မွန်းလွဲ ၁၂ နာရီခွဲတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့
  • အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း၊ တရားဝင် အသိအမှတ်ပြု မော်တော်ယာဉ် ဖြန့်ဖြူးရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရ
  • မြန်မာနိုင်ငံ မော်တော်ယာဉ်ဥပဒေကို ၁၉၆၅ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁၇ အဖြစ် ပြဌာန်းခဲ့ပြီး ၂၀၁၅ခုနှစ် စက်တင်ဘာလ ရ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်် ၅၅ ဖြင့် ပြန်လည်ပြင်ဆင် ပြဌာန်းခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s