roundup

လွှတ်တော်သတင်းများ (၁၁ ဇွန် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ပြည်တွင်းငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ယနေ့(ဇွန် ၁၀) မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြား
  • လွှတ်တော်အလုပ်များ ဆောင်ရွက်သည့်အပေါ်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လွှမ်းမိုးမှုရှိ၊ မရှိ မေးမြန်းမှုအပေါ် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် အင်မတန် စည်းကမ်းကြီးကြောင်း၊ ဥပဒေကို အင်မတန် လေးစားလိုက်နာကြောင်း၊ လုပ်ငန်းရှိလို့ လွှတ်တော်ထဲလာရင်တောင် ခွင့်တောင်းပြီး ကျွန်တော် ခွင့်ပြုရင်လာတယ်၊ ခွင့်မပြုရင် မလာဘူးဟု ဖြေကြားခဲ့
  • ထို့အပြင် လွှတ်တော်ဥက္ကဌက ကျွန်တော် အစိုးရဘက်က ကာကွယ်တယ်၊ မကာကွယ်ဘူးဆိုတာ မေးခွန်းတွေ အဆိုတွေကိုကြည့်ပါ၊ ကျွန်တော်တင်ပေးတဲ့ မေးခွန်းတွေ အဆိုတွေအပေါ်မှာ ကာကွယ်လား၊ မကာကွယ်လား။ ကျွန်တော်ကိုယ်၌က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ အားနည်းမှုတွေကို ဝေဖန် ထောက်ပြတာတွေကို ကြားမှာပါဟုလည်း မီဒီယာများကို ပြောကြားခဲ့
  • ယနေ့ (ဇွန် ၁၀) ပြည်သူ့လွှတ်တော််၌ အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး၏ အင်းစိန်မြို့နယ်ရှိ စက်မှုလက်မှုသိပ္ပံ (GTI) ကျောင်း ပြန်လည် အကောင်အထည် ဖော်ရန် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အင်းစိန် ဂျီတီအိုင်တွင် မူလအတိုင်း နည်းပညာနှင့် အသက်မွေးပညာ သင်တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဖြေကြားခဲ့
  • ဒေါပုံမဲဆန္ဒနယ်မှ ဦးပြုံးချို၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအား စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် အသိပညာပေးရေးနှင့် နိုင်ငံပိုင် မီဒီယာများတွင် ထည့်သွင်းပေးရန် ရှိ၊ မရှိ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြားခဲ့
  • ယနေ့ (ဇွန် ၁၀) ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးအပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်သို့ အသိပေးကြေညာ
  • လွှတ်တော်ဥက္ကဌက မိမိတို့သည် ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးများကို အလေးထား ဆောင်ရွက်နိုင်ရန် အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အမြဲတမ်း ကော်မတီလေးခုနှင့် ရေးရာကော်မတီ ၁၅ခုတို့အား ဖွဲ့စည်းနိုင်ခဲ့ပြီး ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေကြပြီ ဖြစ်ပါကြောင်း
  • မိမိတို့ ဆောင်ရွက်ရမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်တို့ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကျေပွန်အောင် ဆောင်ရွက်ရန်နှင့် ပြည်သူများအကြားသို့ ထဲထဲဝင်ဝင် သွားရောက်ပြီး ပြည်သူများ၏ ဆန္ဒ သဘောထားများကို လေ့လာမှတ်သားကြရန် မှာကြား
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့ ဇွန် ၁၀ရက်တွင် ပြီးဆုံးခဲ့ခြင်းဖြစ်
  • ဒုတိယအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၈၃ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၀၃ခုတို့ကို ဖြေဆိုနိုင်ခဲ့ပြီး အဆို ၁၂ခု တင်သွင်းဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရမည့် ဥပဒေကြမ်း ၁၆ခုရှိပြီး ဆွေးနွေးပြီးဖြစ်သည့် ဥပဒေကိုးခုနှင့် အတည်ပြု ဆောင်ရွက်နိုင်ခဲ့သော နည်းဥပဒေ နှစ်ခုရှိကြောင်း၊ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသော ဥပဒေကြမ်း ခုနှစ်ခုရှိကြောင်း သိရ
  • ယနေ့ (ဇွန် ၁၀) ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးဥက္ကာမင်း၏ ပြည်ထောင်စုအစိုးရ အနေဖြင့် လူငယ်ရေးရာ မူဝါဒတစ်ရပ် ရေးဆွဲပြဌာန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြားခဲ့
  • တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်းက ဇွန် ၁၁ရက်မှ ၁၃ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကျင်းပမည့် မြန်မာလူငယ်ဖိုရမ်နှင့် စပ်လျဉ်ပြီး ဝန်ကြီးဌာနမှ လူငယ်ထုနှင့် မည်သို့ ချိတ်ဆက် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း ဆက်လက်မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြားခဲ့
  • အမျိုးသားလွှတ်တော် ဥက္ကဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များကို လွှတ်တော်သို့ ရှင်းလင်တင်ပြပြီး အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s