2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၆ ဇူလိုင် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့(ဇူလိုင် ၂၅) နံနက် ၁၀ နာရီတွင်ကျင်းပ
  • အစည်းအဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကတိသစ္စာပြုခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ကြယ်ပွင့်ပြမေးခွန်းခြောက်ခု မေးမြန်းဖြေကြားခြင်းနှင့် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသည့် ဥပဒေကြမ်းနှစ်ခုကို ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများ ဆောက်ရွက်ကြ
  • အစည်းအဝေးတွင် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝင်းကိုကိုနှင့် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်တို့က ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ကြ
  • မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ မင်းကင်းမြို့တွင် မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို မည်သည့်အတွက်ကြောင့် ကြန့်ကြာရသည်၊ မည်သည့်အချိန်တွင် ဓာတ်အားဖြန့်ဖြူးမှု ဆောင်ရွက်နိုင်မည််ကို သိရှိလိုကြောင်း မေးမြန်းရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဖြေကြား
  • ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီးက မဏိပူရ်စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ဒေသခံများနှင့် နိုင်ငံတော်အတွက် ရေရှည်တွင် အကျိုးကျေးဇူးရရှိမည်ဖြစ်ပါသဖြင့် ပြည်သူလူထုအတွင်း ပွင့်လင်းမြင်သာစွာ ချပြပြီး ဆောင်ရွက်ရန်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဖြေကြား
  • အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြု
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့(ဇူလိုင် ၂၅) နံနက် ၁၀ နာရီတွင်ကျင်းပ
  • အစည်းအဝေးတွင် ရန်ကုန်မဲဆန္ဒနယ် အမှတ်(၇)မှ ဦးရဲမြင့်စိုး၏ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်အတွင်းရှိ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုဒဏ် ခံနေရခြင်းအပေါ် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့် အစီအမံကို သိရှိလိုကြောင်း မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • စစ်ကိုင်းမဲဆန္ဒနယ်အမှတ် (၈) မှ ဦးကိုကိုနိုင်၏ ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံနှင့်အဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် စိုက်ပျိုးသီးနှံများ၊ ရွှံ့ညွန်သဲများ၊ သစ်တုံးကြီးများ ဖုံးလွှမ်းသွား၍ စိုက်ပျိုးရန် ခက်ခဲသွားသည့် လယ်ယာမြေများနှင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ကာယကံရှင် တောင်သူလယ်သမားများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့သော ပံ့ပိုးကူညီမှုအစီအမံများ ပြုလုပ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက  ဆက်လက်ဖြေကြား
  • ရှမ်းမဲဆန္ဒနယ် အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်ခမ်း မူးယစ်ဆေးသုံးစွဲသူများအား ပြန်လည်ပြုစုကုသပျိုးထောင်ပေးသည့် စခန်းများ လိုအပ်သည့်နေရာများတွင် ဖွင့်လှစ်ပေးရေးနှင့် ပတ်သက်သည့် အဆိုတစ်ခုကို တင်သွင်းရာ လွှတ်တော်က သဘောတူအတည်ပြု
  • ဇူလိုင် ၂၁ ရက်က ဖျာပုံမြို့ မိုးလုံလေလုံအားကစားခန်းမကြီး၌ ဖျာပုံမှ ပြည်သူများနှင့် မြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့
  • ဖျာပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များသည် မြို့မြောက်ပိုင်းရှိ ရပ်ကွက်အချို့မှ ပြည်သူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အတွင်းမှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ ပြည်သူများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်
  • ဖျာပုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ဒုတိယအကြိမ် ပုံမှန်လွှတ်တော် အစည်းအဝေး မကျင်းပမီ ပြည်သူ့အသံကို ကြားချင်၍ လာရောက်ခြင်းဖြစ်ပြီး ပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းရန် လွှတ်တော်သို့ တင်ပြနိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများ လက်ခံနိုင်သည့် ရပ်/ကျေးမှူးများ ပေါ်ထွက်လာရန် လွှတ်တော်အသီးသီးတွင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား
  • ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပြည်သူများအနေဖြင့် အခက်အခဲများကို ပွင့်လင်းစွာ တင်ပြရန်ပြောကြား
  • ဒေသခံများက လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးနို်င်မည့် ကိစ္စရပ်များကို ချက်ချင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားကာ ချက်ချင်းမဆောင်ရွက်ပေးနိုင်သော ကိစ္စများကို လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့(ဇူလိုင် ၂၅) မွန်းလွှဲ ၁ နာရီခွဲတွင်ကျင်းပ
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ
  • ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင်က ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် ပတ်သက်၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြ
  • ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းချေငွေစာရင်း(ပြင်ဆင်ချက်)နှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) တို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်သွင်း
  • ပြည်ထောင်စုလွှတ်တော်နာယက က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာ
  • နိုင်ငံတော်သမ္မတထံမှပေးပို့သော အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဌာန်းချက်အမှတ် ၂၉ (၁၉၃၀) ၏ နောက်ဆက်တွဲစာချုပ်နှင့် အဓမ္မစေခိုင်းမှု ပပျောက်ရေးအတွက် နောက်ဆက်တွဲလုပ်ငန်းစဉ်များဆိုင်ရာ တိုက်တွန်းချက်အမှတ် ၂၀၃ တို့အား မှတ်တမ်းတင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းတင်ပြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s