2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၇ ဇူလိုင် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့(ဇူလိုင် ၂၆) နံနက် ၁၀ နာရီတွင် ကျင်းပ၊ ကြယ်ပွင့်ပြမေးခွန်း (၃)ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ခုတင်သွင်းခြင်းနှင့် ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခြင်း၊ ဥပဒေကြမ်းတစ်ခုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခြင်းများ ဆောင်ရွက်
  • အစည်းအဝေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်က ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဆေးဝါးပြည့်စုံသော၊ လုံလောက်သော ဆရာဝန်အရေအတွက်ဖြင့် ခုတင် ၁၀၀ ဆံ့ ဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း၍ မေးခွန်းမေးမြန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားခဲ့
  • မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၏ မိုင်းပျဉ်းမြို့နယ်တွင် လက်ရှိ ၂၅ ခုတင်ဆ့ံ ဆေးရုံဟောင်းအစား ခုတင် ၅၀ ဆံ့ ဆေးရုံအသစ်ဖြင့် အစားထိုးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားခဲ့
  • အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဝေလှိုင်ထွန်းက ရှင်းလင်းတင်ပြကာ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူအတည်ပြု
  • ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်အေဇင်လတ် တင်သွင်းသည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူလူထုအား ထိရောက်လုံလောက်စွာ ပေးနိုင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိနှင့် ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းတို့က ဆွေးနွေး
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့(ဇူလိုင် ၂၆) နံနက် ၁၀ နာရီတွင် ကျင်းပ
  • တနင်္သာရီမဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာများ၊ စိန်ခေါ်မှုများကို ပြည်ထောင်စုအစိုးရအနေဖြင့် လုပ်ငန်းစဉ်များချမှတ်ကာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • ရှမ်းမဲဆန္ဒနယ် အမှတ်(၁)မှ ဦးဇော်မင်းလတ်၏ ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေအရ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖွဲ့စည်းခဲ့သော အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ ၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီအလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ တစ်နာရီ ငွေကျပ် ၄၅၀ နှုန်းဖြင့် တစ်ရက်လုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၃၆၀၀ သတ်မှတ်ချက်နှုန်းထားကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • ကချင်မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါက်တာခင်မကြီးက နိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသာ အလုပ်သမားများအား မည်သည့်ဥပဒေ အထောက်အထား ကန့်သတ်ချက်များဖြင့် လုပ်ကိုင်ခွင့်ပြုထားသည်ကို သိရှိလိုကြောင်းနှင့် ၄င်းအလုပ်သမားများထံမှ အခွန်အခများ ကောက်ခံရယူခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s