2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၈ ဇူလိုင် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဥပဒေ(မူကြမ်း)နှင့် နည်းဥပဒေများ ရေးဆွဲပြဌာန်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး
  • ယင်းအစည်းအဝေးကို ယနေ့(ဇူလိုင် ၂၇) မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပ
  • အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဥပဒေများကို ရေးဆွဲပြဌာန်းရာတွင် လိုအပ်သောအချက်များ၊ ဥပဒေပြုရေးအပိုင်းမှ လုပ်ဆောင်ရမည့်အချက်များ၊ ပြည်သူများလေးစားလိုက်နာသည့် ဥပဒေများဖြစ်ရန် အရေးကြီးပုံနှင့် ဥပဒေ၏ အခြေအနေ၊ အချိန်အခါအရ ပြောင်းလဲသည့် သဘောများကိုပြောကြား
  • အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက မိမိတို့နိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ဥပဒေပေါင်း ၄၀၀ ကျော် ရှိကြောင်း၊ တည်ဆဲဥပဒေများကို ခေတ်စနစ်နှင့်ညီစေရန် စစ်ဆေးပြောင်းလဲ ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေများကို ခေတ်နှင့်လျော်ညီအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြား
  • ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းက ဥပဒေများကို ခေတ်စနစ်နှင့်လျော်ညီအောင် ပြုပြင်ပြောင်းလဲ အသစ်ပြဌာန်းခြင်းများ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ မိမိိတို့လိုချင်သော ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်မည်ဆိုပါက ဥပဒေများကို ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်းမပြုဘဲ မဖြစ်နိုင်ပါကြောင်း ပြောကြား
  • ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်နို်င်နှင့် ဦးကျော်စိန်တို့က ဥပဒေ(မူကြမ်း)နှင့် နည်းဥပဒေရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ လေ့လာတွေ့ရှိချက်များနှင့် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြ
  • ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက ဥပဒေ(မူကြမ်း)နှင့် နည်းဥပဒေများ ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဌက ဖြည့်စွက်ရှင်းလင်ဆွေးနွေးကာ ပြည်သူ့လွှတ်တော်ဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြား
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့(ဇူလိုင် ၂၇) ကျင်းပ
  • အစည်းအဝေးတွင် လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးက လေရှီးမြို့တွင်ကျေးလက်ကျန်းမာရေးဌာနခွဲများ ဆောက်လုပ်ပေးရန်နှင့်စပ်လျဉ်းသော မေးခွန်းကို မေးမြန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ် တင်သွင်းသည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူလူထုအား ထိရောက်စွာပေးနိုင််ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကို်ယ်စားလှယ်များ ဆွေးနွေး
  • အဆိုကို လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းမောက်ခမ်းနှင့် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးတို့က ထောက်ခံဆွေးနွေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေး၊ အဆိုရှင် ဒေါက်တာ ဒေါ်အေဇင်လတ်က ဖြည့်စွပ်ရှင်းလင်းဆွေးနွေး၊ အဆိုကို လွှတ်တော်က မှတ်တမ်းတင်ရန် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူ
  • မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုက မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်အတွင်းရှိ မြို့နယ် ကုသရေးဆေးရုံနှင့် တိုက်နယ်ဆေးရုံများဖြစ်ကြသည့် မြောက်ပြင် တိုက်နယ်ဆေးရုံ၊ ကျောက်တိုင် တိုက်နယ်ဆေးရုံများတွင် လစ်လပ်နေသော ဆရာဝန်များကို ခန့်ထားပေးရေး အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေ ကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဝေလှိုင်ထွန်းက အစီရင်ခံစာတင်သွင်း၊ လွှတ်တော်ဥက္ကဌက ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့(ဇူလိုင် ၂၇) ကျင်းပ
  • အစည်းအဝေးတွင် ရန်ကုန်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုးက မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၏ အရှုံးအမြတ်၊ ဘဏ္ဍာရေးဆိုင်ရာ နှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်
  • စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ တရားရုံးများတွင် အမှုပြီးပြတ်ပြီး နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းထားသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ဆွေးမြေ့ပျက်စီးမှုမရှိခင် နိုင်ငံ့ဘဏ္ဍာဖြည့်တင်းနိုင်ရေးအတွက် လေလံတင်ရောင်းချခြင်း သို့မဟုတ် မော်တော်ယာဉ် လိုအပ်သောဌာနများသို့ လွှဲပြောင်းအသုံးပြုခွင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းမေးမြန်းရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြား
  • ဧရာဝတီမဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်းက ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲက အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထုတ်ယူခြင်းမရှိသည့် ထီဆုငွေများအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းမပြုဘဲ ထီထိုးကံစမ်းသူ ပြည်သူများကိုပင် ပြန်လည်၍ ဆုမဲများအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s