2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၉ ဇူလိုင် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့(ဇူလိုင် ၂၈) ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်(၁/၂၀၁၆) ကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
  • ယင်းကိစ္စကို ဒဂုံမဲဆန္ဒနယ်မှ ဒေါ်သက်သက်ခိုင်နှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးတို့က ဆွေးနွေး၊ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေး
  • အဆိုပါ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ(၁/၂၀၁၆) ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်က မှတ်တမ်းတင်
  • မြန်မာနို်င်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာ(၂/၂၀၁၆) နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမရက ပြန်လည်ဆွေးနွေးကာ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင်
  • ယနေ့(ဇူလိုင် ၂၈)မွန်းလွှဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းနှင့် ရန်ကုန် ဥရောပသမဂ္ဂရုံးမှ Acting Head of Cooperation, Mr.George Dura နှင့်အဖွဲ့အား အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ
  • တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s