2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၃၀ ဇူလိုင် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့(ဇူလိုင် ၂၉) ကျင်းပ
  • အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက ရာထူးဝန်အဖွဲ့၏ ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံ့ဝန်ထမ်းဥပဒေများတွင် ပြဌာန်းထားသော လုပ်သက်ခွင့်ဆိုင်ရာ ပြဌာန်းချက်အစား မူလက ပြဌာန်းထားသည့် (FR-72,73 နှင့် BLR5,10)ပါ ပြဌာန်းချက်အတိုင်း ပြန်လည်ပြင်ဆင်ပြဌာန်းပေးနိုင်ခြင်းရှိ မရှိနှင့်စပ်လျဉ်း၍ မေးမြန်းရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ ဒေါက်တာဝင်းသိန်းက ပြောကြား
  • အစည်းအဝေးတွင် အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦးက အောက်မြန်မာပြည် ဖောင်ကြီးဝန်ထမ်း တက္ကသိုလ်နှင့် အထက်မြန်မာပြည် ဇီးပင်ကြီးဝန်ထမ်းတက္ကသိုလ်တို့၌ ပြဌာန်းသင်ကြားလျက်ရှိသည့် သင်ရိုးညွှန်းတန်းများအား အသွင်ကူးပြောင်းရေးကာလနှင့် လိုက်လျောညီထွေမှုရှိပြီး ဒီမိုကရေစီသဘောတရားများနှင့် ကိုက်ညီသော သင်ရိုးညွှန်းတန်းများဖြင့် ပြောင်းလဲအစားထိုးသင်ကြားရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဒေါက်တာဝင်းသိန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်
  • ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က မကွေးတိုင်းဒေသကြီး အနောက်ပိုင်းရှိ သစ်တောပြုန်းတီးမှုများ နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများအား ထိန်းသိမ်းစောင့်ရှောက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်း
  • အဆိုကို ဆောမဲဆန္ဒနယ်မှ ဦးကျော်တင်ကဆွေးနွေး၊ အဆိုကို လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းနှင့် ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျ တို့က ထောက်ခံဆွေးနွေး၊ အဆိုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ဖြေကြား
  • အဆိုရှင် ဒေါ်ယဉ်မင်းလှိုင်က ၄င်း၏အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ပေးရန် လွှတ်တော်သို့ ပန်ကြား၊ ပြည်သူ့လွှတ်တော်ဥက္ကဌက လွှတ်တော်၏ သဘောတူညီမှုရယူပြီး အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ပေးရန် အတည်ပြုပေး
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့(ဇူလိုင် ၂၉) ကျင်းပ
  • မကွေးမဲဆန္ဒနယ်အမှတ်် (၆)မှ ဦးဝင်းမောင်က မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာ မီးလင်းရေးအတွက် ဆောင်ရွက်ပေးမည့်အစီအစဉ်ကို သိလိုကြောင်း မေးမြန်းရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရှင်းလင်းဖြေကြား
  • မွန်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ် ရေးမြို့နယ်သို့ မဟာဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရှင်းလင်းဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်သိန်းက ရခိုင်ပြည်နယ် မောင်တောမြို့ လျှပ်စစ်ဌာနအတွက် တစ်လလိုအပ်မည့် စက်သုံးဒီဇယ်ဆီ ဂါလန် ၂၂၆၀ ခန့်ခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ၂၀၁၇ ခုနှစ်တွင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ၊ မရှိ မေမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရှင်းလင်းဖြေကြား
  • ချင်းမဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်းက ချင်းပြည်နယ် ပလက်ဝမြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိနိုင်အောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရှင်းလင်းဖြေကြား
  • မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့(MPU) အစည်းအဝေး(၃/၂၀၁၆) ကို ယနေ့မွန်းလွှဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပ
  • အစည်းအဝေးသို့ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌများနှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော်များမှ ဥက္ကဌများ၊ ဒုဥက္ကဌများ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်
  • အစည်းအဝေးတွင် MPUအဖွဲ့ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော်နာယက က တိုင်းနှင့်ပြည်နယ် လွှတ်တော်များ၌ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြကြရန်ဖြစ်ကြောင်း၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်း ဖွဲ့စည်းပုံလိုအပ်ပါကြောင်း၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်းပြောကြား
  • MPUအဖွဲ့ ဒုဥက္ကဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဌက တိုင်းနှင့်ပြည်နယ် လွှတ်တော်များ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို အဖွဲ့သို့တင်ပြပါက ညှိနှိုင်းအစည်းအဝေး ခေါ်ယူကျင်းပပေးမည်ဖြစ်ပါကြောင်း၊ လွှတ်တော်များသည် ဥပဒေပြုအဖွဲ့အစည်းဖြစ်သည့်အတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြား
  • ယင်းနောက် MPUအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က အစည်းအဝေး (၂/၂၀၁၆) ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြား
  • ဆက်လက်၍ အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းနှင့်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌများက လွှတ်တော်ဆိုင်ရာလုပ်ငန်းများအပါအဝင် ညှိနှိုင်းရေးဆွဲထားသည့် တိုင်းနှင့်ပြည်နယ် လွှတ်တော်ရုံးဝန်ထမ်းဖွဲ့စည်းပုံ (မူကြမ်း) နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြ
  • ထို့နောက် MPUအဖွဲ့ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ်အမှာစကားပြောကြားခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s