2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ယနေ့(သြဂုတ် ၁) ကျင်းပ
  • အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးဘရှိန်က ဥပဒေကြမ်းကော်မတီ၏ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းအား တင်သွင်း၊ ကော်မတီအဖွဲ့ဝင် နောင်ချိုမဲဆန္ဒနယ်မှ ဦးထွန်းထွန်းဟိန်က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်း
  • လွှတ်တော်ဥက္ကဌက အဆိုပါဥပဒေကြမ်းကို ဆွေးနွေး၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်နှင့် ငဝန်မြစ်အား ကာရံထားသော ရေကာတာများအား မိုးရာသီတွင် ပြည်သူများ စိုးရိမ်ပူပန်မှုမရှိအောင် ကြိုတင်အစီအမံများ ချမှတ်ဆောင်ရွက်ထားရှိရေးနှင့် လာမည့်ပွင့်လင်းရာသီတွင် တာတမံများ ကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို တင်သွင်းရာ အင်္ဂပူမဲဆန္ဒနယ်မှ ဦးအေးဝင်းက ထောက်ခံဆွေးနွေး
  • လွှတ်တော်က ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ၊ အဆိုကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ
  • ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုးက ဗန်းမောက်မြို့နယ်အတွင်းရှိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော အတွင်း ကျရောက်နေသော လယ်မြေ၊ ယာမြေများကို စွန့်လွှတ်ပေးရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းတင်ပြ
  • သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်က သီပေါမြို့နယ် နမ္မတူကျေးရွာအုပ်စု နားကွန်ကျေးရွာနှင့် ပြိုင်းဆိုင်းကျေးရွာ နယ်နိမိတ်အတွင်း ငွေရည်ပုလဲကုမ္ပဏီသည် ယနေ့ထိတိုင် ဧက ၃၀ ခန့်ရှိသည့် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေခြင်းမေးခွန်းကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ယနေ့(သြဂုတ် ၁)ကျင်းပ
  • အစည်းအဝေးတွင် ပဲခူးမဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်က မြန်မာနိုင်ငံတစ်ဝန်း အရက်၊ ဘီယာသောက်သုံးမှုကြောင့် ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်မှု၊ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုနှင့် လူသေဆုံးမှုတို့ကြောင့် စိစစ်ပိတ်ပင်ရန်နှင့် အခွန်တိုးကောက်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်
  • ရှမ်းမဲဆန္ဒနယ်အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်းက ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင် ရပ်ကွက်၊ ကျေးရွာ ခပ်များများတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုများ ဖမ်းဆီးအရေးယူရေး၊ အုပ်စုလိုက် မူးယစ်ဆေးဝါးများ သုံးစွဲသည့် ချောင်ကျသော နေရာများအား အမြစ်ပြတ်ရှင်းလင်းဖယ်ရှားရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးမှုများ ရပ်ကွက်၊ ကျေးရွာမကျန် အရှိန်အဟုန် မြင့်တင်ဆောင်ရွက် ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ပြုစုကုသပျိုးထောင်ပေးသည့်စခန်းများ လိုအပ်သည့်နေရာများတွင် ဖွင့်လှစ်ပေးရေး အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စာလှယ်များက အကြံပြုဆွေးနွေး
  • အဆိုကို စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ မွန်မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်း၊ ကရင်မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေးနှင့် ရခိုင်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေတို့က ဆွေးနွေး
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s