2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၃ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့ကို ယနေ့(သြဂုတ် ၂) ကျင်းပ၊ အစည်းအဝေးတွင် မေးခွန်းရှစ်ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်
  • မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းဝင်းက နိုင်ငံအဝန်း အဂတိလိုက်စားမှု ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်း၊ အဆိုကို လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးက ထောက်ခံဆွေးနွေး
  • အဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ၊ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ််တော်ဥက္ကဌက ကြေညာ
  • ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက လယ်ယာမြေမှုခင်းများကို စစ်ဆေးဆုံးဖြတ်ပေးကြရသည့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်တို့မှ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လိုက်နာစစ်ဆေး ဆုံးဖြတ်နိုင်ရေးအတွက် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြား
  • မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာ ဦးလင်းလင်းကျော်က ကင်းတားရေလွှဲဆည်မှ မိတ္ထီလာသို့ သဘာဝအနိမ့်အမြင့်သဘောနှင့် မဟုတ်ဘဲ ရေစုပ်စက်ကြီးများနှင့် အဆင့်ဆင့်စက်ရေတင်၍ ရေပေးဝေရေးစီမံကိန်း ပြီးစီးပါက မူလလျာထားခဲ့သော မြေဧက သုံးသောင်းကျော်ကို လုံလုံလောက်လောက် ရေပေးနိုင်ခြင်းရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းရာ  ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကပင် ရှင်းလင်းဖြေကြား
  • ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်က ကျောက်ဖြူမြို့နယ် ဒိုးမတောင်ချောင်းပိတ်ကာ တည်ဆောက်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် တည်ဆောက်ပေးမည်၊ မတည်ဆောက်ပေးပါက မည်သည့်အကြောင်းကြောင့် မတည်ဆောက်ပေးသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြား
  • ပခုက္ကူမဲဆန္ဒနယ်မှ ဦးပိုက်ကိုက ကုက္ကိုလှမြစ်ရေတင်စီမံကိန်းဧက (၅၀၀၀)မှာ ရေပေးဝေခြင်း ကောင်းမွန်စွာရှိနိုင်သော ဧက ၁၀၀၀ ခန့်သာရှိသဖြင့် ကျန်ဧက ၄၀၀၀ အတွက် မည်သို့ဆောင်ရွက်မည် သို့မဟုတ် ကျန်ဧက ၄၀၀၀ ကို ဖျက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်အဝေး ဆဌမနေ့ကို ယနေ့(သြဂုတ် ၂)ကျင်းပ
  • ရှမ်းမဲဆန္ဒနယ်အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်းက မြန်မာနိုင်ငံအနှံ့အပြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ၊ အုပ်စုလိုက် မူးယစ်ဆေးဝါးသုံးစွဲသည့် နေရာများအား အမြစ်ပြတ် ရှင်းလင်းဖယ်ရှားရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးမှုများ ရပ်ကွက်၊ ကျေးရွာမကျန် အရှိန်အဟုန် မြင့်တင်ဆောင်ရွက်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ပြုစု ကုသပျိုးထောင်ပေးသည့်စခန်းများ လိုအပ်သည့်နေရာများတွင် ဖွင့်လှစ်ပေးရေး အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • အဆိုကို မွန်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသက်ဝင်း၊ စစ်ကိုင်းမဲဆန္ဒနယ် အမှတ်(၄)မှ ဦးလှဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တင်လင်းဦး တို့က ဆွေးနွေးခဲ့
  • မွန်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အတွင်းရှိ သီရိမြိုင်ရပ်ကွက် အပါအဝင် သီရိမင်္ဂလာရပ်ကွက်၊ မုပွန်ရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်နှင့် ရွှေမြိုင်သီရိရပ်ကွက်ကြီးများရှိ လူနေအိမ်ယာမြေကွက်များကို နိုင်ငံတော်မှ အနှစ် ၃၀ အဌားဂရမ် ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြားပြီး လွှတ်တော်၏အဆုံးအဖြတ်ဖြင့် ရှမ်းမဲဆန္ဒနယ်အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်းက အဆိုကို အတည်ပြုခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s