2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၄ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့(သြဂုတ် ၃) မွန်းလွဲ ၁ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် နောက်ဆက်တွဲလုပ်ငန်းစဉ်များဆိုင်ရာ တိုက်တွန်းချက်အမှတ် ၂၀၃ တို့နှင့်စပ်လျဉ်း၍ ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးနှင့် ရန်ကုန်မဲဆန္ဒနယ်အမှတ် (၈)မှ ဦးကျော်ထွေးတို့က ဆွေးနွေး
  • ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းဆွေးနွေးရာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က နိုင်ငံတော်သမ္မတထံမှပေးပို့သည့် အာဆီယံ-အိန္ဒိယ ဗဟိုဌာန တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၌ မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြ၊ လွှတ်တော်နာယက က ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့(သြဂုတ် ၃) ကျင်းပ
  • အစည်းအဝေးတွင် ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေစိုးမိုးရေး၊ ခိုင်မာသော နိုင်ငံတည်ဆောက်ရေးတို့အား အဟန့်အတား အနှောင့်အယှက်ဖြစ်နေသော မှုခင်းကျဆင်းရေးကို အမြန်ဆုံးဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတင်သွင်း
  • အဆိုကို လောင်းလုံမဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်
  • မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက် စျေးဟောင်းအနီးရှိ ဦးသြဘာသခန်းမကြီး ပျိုကျပျက်စီးခဲ့သဖြင့် ခန်းမအဟောင်းနေရာတွင် ခရိုင်မြို့ကြီး၏အင်္ဂါရပ်နှင့် ညီမျှသော ခန်းမအသစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား
  • ပင်လယ်ဘူးမဲဆန္ဒနယ်မှ ဦးမင်းနောင်က နိုင်ငံတော်အစိုးရက တာဝန်ယူစစ်ဆေးပေးသော ဓာတုဗေဒ ဓာတ်ခွဲခန်းများကို ယခုထက် ပိုမိုမှန်ကန်သော၊ တာဝန်ယူမှုအပြည့်အဝရှိသော၊ အဂတိလိုက်စားမှု မရှိသော၊ ဓာတုဗေဒ စမ်းသပ်ဓာတ်ခွဲခန်းများအဖြစ် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား
  • ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးမြင့်လွင်က တရားရုံးများတွင် တရားစီရင်ရာမှာ စိတ်ဝင်စားသော ပြည်သူများ ဝင်ရောက်နားထောင်ရာတွင် တားဆီးသူများအား အရေးယူရန် အစီအစဉ်ရှိ၊ မရှိနှင့် တရားရုံးများတွင် ရေးသားလျောက်လဲချက်ကို လက်ခံနေခြင်းသည် ဥပဒေကို ဆန့်ကျင်နေပါသဖြင့် ရပ်ဆိုင်းရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်း၍ မေးမြန်းရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ရှင်းလင်းဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့(သြဂုတ် ၃) ကျင်းပ
  • အစည်းအဝေးတွင် ရှမ်းမဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်က အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ရေးဆွဲထားသော ဖြေလျော့မှုများကို သိရှိလိုခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ခွင့်အတွက် ဖြေလျော့မှုများ ရှိခဲ့ပါက ကိုးကန့်တိုင်းရင်းသားများအတွက် မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်း မေးခွန်းကို မေးမြန်းရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • ကရင်မဲဆန္ဒနယ်အမှတ်(၁၂) မှ စောယှားဖောင်အွာက တိုင်းရင်းသားလူးမျိုးများ လူနည်းစု၊ လူမျိုးစုငယ် များအသီးသီး၏ အမည်များရှေ့တွင် (မောင်၊ မ၊ ကို၊ ဦး၊ ဒေါ်) ထည့်သွင်းခေါ်ဝေါ်နေခြင်းသည် သက်ဆိုင်ရာဝန်ကြီးဌာန ဦးစီးဌာနတွင် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ရှိ၊ မရှိကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း တောင်သူလယ်သမားများ စိုက်ပျိုးရေးတွင် ရေချိုရရှိနိုင်ရန်အတွက် ရေချိုချောင်းများကို ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ရေချိုချောင်းပိတ်ဆည် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြား
  • ရန်ကုန်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေးက နိုင်ငံတစ်ဝှမ်း သောက်သုံးရေရှားပါးမှုကိစ္စနှင့် တိမ်ကောမြစ်ချောင်းများကို ပြန်လည်တူးဖော်ပေးရေးနှင့်စပ်လျဉ်းသော အဆိုတစ်ခုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s