2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၅ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမနေ့ကို ယနေ့(သြဂုတ် ၄) ကျင်းပ
  • အစည်းအဝေးတွင် တောင်ဥက္ကလာမဲဆန္ဒနယ်မှ ဒေါက်တာဦးစောနိုင်က ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မောင်းသူများနှင့် ခရီးသည်ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်နှင့် မည်သို့စီစဉ်ထားသည်ကို သိလိုကြောင်း မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား
  • မူဆယ်မဲဆန္ဒနယ်မှ ဦးစိုင်းဖိုးမြတ်က မူဆယ်မြို့တွင် မိုင်းယု (၁၀၅)မိုင် ကုန်စည်စစ်ဆေးဂိတ်မှ မန့်ဝိန်း-ဂျယ်ကောင် နယ်ခြားစစ်ဆေးရေးဂိတ်၏ အောက်ဖက်တစ်နေရာသို့ ဖောက်လုပ်မည့် မူဆယ်မြို့ရှောင်ကွင်းလမ်းကို ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား
  • လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကာတာတစ်ခုနှင့် တာတမံများအား ကြံ့ခိုင်မှုရှိရန် ဆောင်ရွက်ရေးကိစ္စနှင့်စပ်လျဉ်းသောအဆိုကို လွှတ်တော်ကိုယ်စား လှယ်များ ဆွေးနွေး
  • အဆိုကို ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်းနှင့် ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေးတို့က ထောက်ခံဆွေးနွေးခဲ့ကြ
  • အဆိုကို ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်နှင့် မြန်အောင်မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်တို့က ထောက်ခံဆွေးနွေးခဲ့ကြ
  • နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှက နန်းယွန်းမြို့နယ်၏ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော ရှင်ဗွေယန်-ပန်ဆောင် လမ်းပိုင်း လီဒိုလမ်းမကြီးအား ရာသီမရွေးသွားလာနိုင်သော လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား
  • ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံက ပေါက်တော-စစ်တွေ သို့မဟုတ် ပုဏ္ဏားကျွန်းကိုဖြတ်၍ မဟာဗျူဟာမြောက် ကစ္ဆပနဒီ(ကုလားတန်) မြစ်ကူးတံတားတည်ဆောက်မည့် အစီအစဉ် မည်သို့ရှိမည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမနေ့ကို ယနေ့(သြဂုတ် ၄) ကျင်းပ
  • အစည်းအဝေးတွင် မန္တလေးမဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်) မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဝါးစက်ရုံနှင့် စပ်လျဉ်း၍ သိရှိလိုကြောင်း မေးခွန်းမေးမြန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်ရန်အတွက် နိုင်ငံတော်မှ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဆောက်အအုံများ ဆောက်လုပ်ပေးထားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်က ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ၌ တိုက်နယ်ဆေးရုံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းမေးမြန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည််နေရာချထားရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန တို့မှ လက်ခံဆွေးနွေးရန် အဆိုတင်သွင်းသည့် သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေနှင့် မြန်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းတို့ကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s