2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၆ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့(သြဂုတ် ၅) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးအင်ထုံးခါးနော်ဆမ်က နယ်စပ်ဒေသများ၌ တိုက်ပွဲများဖြစ်နေခြင်းကြောင့် စစ်ရှောင်ဒုက္ခသည်များအတွက် မည်သို့ ဆောင်ရွက်ပေးနေကြောင်းနှင့် တိုက်ပွဲများဖြစ်နေကြသော နှစ်ဖက်လက်နက်ကိုင်အဖွဲ့အကြီးအကဲများထံသို့ ညှိနှိုင်းဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရှင်းလင်းဖြေကြား
  • လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးက လေရှီးမြို့နယ်ရှိ ပန်ဆပ်၊ လေယုံ၊ ဆုံကင်းကျေးရွာ အမကကျောင်းများအား ဆောက်လုပ်ခဲ့သည့် AMC ကုမ္ပဏီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ လုပ်ငန်းအာမခံစာချုပ် သတ်မှတ်အချိန်ကာလ မည်မျှချုပ်ဆိုထားပြီး ဆောက်လုပ်ပြီးတစ်နှစ်အတွင်း ပျက်စီးနေခြင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရှင်းလင်းဖြေကြား
  • လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကာတာတစ်ခုနှင့် တာတမံများအား ကြံ့ခိုင်မှုရှိရန် ဆောင်ရွက်ရေးကိစ္စနှင့်စပ်လျဉ်းသောအဆိုကို လွှတ်တော်ကိုယ်စား လှယ်များ ဆွေးနွေး
  • အဆိုကို သာပေါင်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့် ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့် တို့က ထောက်ခံဆွေးနွေး၊ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြန်လည်ဆွေးနွေး
  • အဆိုရှင်က ၄င်း၏အဆိုအား လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်ရန် ပန်ကြားရာ လွှတ်တော်ဥက္ကဌက လွှတ်တော်၏အဆုံးအဖြတ်ကို ရယူပြီး ယင်းအဆိုကို မှတ်တမ်းတင်စောင့်ကြည့်ရန် ဆုံးဖြတ်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့(သြဂုတ် ၅) ကျင်းပ
  • အစည်းအဝေးတွင် ရန်ကုန်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေးတင်သွင်းသည့် နိုင်ငံတစ်ဝှမ်း သောက်သုံးရေရှားပါးမှုကိစ္စနှင့် တိမ်ကောမြစ်ချောင်းများကို ပြန်လည်တူးဖော်ပေးရေးနှင့်စပ်လျဉ်းသော အဆိုကို တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇော်ထွန်းက ဆွေးနွေး
  • မန္တလေးမဲဆန္ဒနယ်အမှတ်(၈)မှ ဦးခင်အောင်မြင့်က တိုင်းရင်းသားမျိုးနွယ်စုများအတွက် စာမတတ်သူပပျောက်ရေး၊ အဆင့်မြင့်ပညာများ သင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို အထူးစီမံကိန်းချမှတ်၍ စဉ်ဆက်မပြတ် အားပေးမြှင့်တင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်
  • နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွန်မှု ထာဝရခိုင်မြဲရေးကို ရည်ရွယ်၍ အထက်ပါအဆိုကို တင်သွင်းခြင်းဖြစ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s