2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၉ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမမြောက်နေ့ကို ယနေ့(သြဂုတ် ၈) ကျင်းပ
  • အစည်းအဝေးတွင် မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းဝင်းက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှု အထက်တန်းကျောင်း သို့မဟုတ် သင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းဖြေကြား
  • ဖားဆောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူက ဖားဆောင်းမြို့နယ် တောင်ပေါ်ရွာ၊ ဇီးပင်ကွေ့ရွာ၊ ယူကောခိုကျေးရွာ သုံးရွာရှိ မူလတန်းကျောင်းနှစ်ကျောင်းနှင့် အလယ်တန်းခွဲကျောင်း တစ်ကျောင်းအား မြေပြိုရန် အန္တရာယ်ရှိကြောင်း မှတ်ချက်ဖြင့် ပြောင်းရွှေ့စေခဲ့ရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ကျောင်းဆက်လက်ဖွင့်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းဖြေကြား
  • အစည်းအဝေးတွင် လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးနှင့် အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးတို့က ပညာရေးနှင့်ပတ်သက်သော အဆိုနှစ်ခုကိုတင်သွင်း၊ အဆိုတစ်ခုချင်းစီအလိုက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီက ထောက်ခံဆွေးနွေး
  • အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ၊ လွှတ်တော်ဥက္ကဌက လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်က မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမများကို ရာထူးတစ်ခုတွင် လုပ်သက် (၂)နှစ်ပြည့်ပြီး အသက်(၅၉)နှစ် ပြည့်ပြီးပါက ဂုဏ်ထူးဆောင်ရာထူးတိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းဖြေကြား
  • ရေစကြိုမဲဆန္ဒနယ်မှ ဒေါက်တာဦးတင်ဌေးအောင်က ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ယခု ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆရာ၊ ဆရာမဝန်ထမ်းများ၏ ရာထူးတိုးမညီမျှမှုများ၊ ကြန့်ကြာနေမှုများ၊ ရာထူးတိုးနစ်နာနေမှုများရှိပါက မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့(သြဂုတ် ၈) ကျင်းပ
  • ရန်ကုန်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး တင်သွင်းသည့် နိုင်ငံတစ်ဝှမ်း သောက်သုံးရေ ရှားပါးမှုကိစ္စနှင့် တိမ်ကောမြစ်ချောင်းများကို ပြန်လည်တူးဖော်ပေးရေးနှင့် စပ်လျဉ်းသော အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • အဆိုကို ဧရာဝတီ မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၊ ကချင်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ ပဲခူးမဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်နှင့် ဧရာဝတီမဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်တို့က ဆွေးနွေးခဲ့ကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s