2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၀ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့(သြဂုတ် ၉) မွန်းလွှဲ ၁ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေးယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြ
  • ချေးငွေဆိုင်ရာ သဘောတူညီချက်များမှာ ချေးငွေသက်တမ်း ၃၈ နှစ်၊ ဆိုင်းင့ံကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်ဖြစ်၊ အတိုးမဲ့ချေးငွေဖြစ်ပြီး ဝန်ဆောင်ခ တစ်နှစ်လျှင် ၀.၇၅ ရာခိုင်နှုန်း၊ ကတိခံကြေးကို ကမ္ဘာ့ဘဏ်(IDA Board) အဖွဲ့၏ ဆုံးဖြတ်ချက်အရ ပေးရန် ရှိလာပါက ၀.၅ ရာခိုင်နှုန်းထက်မပိုသောနှုန်းကိုပေးရန် သတ်မှတ်ထားသည်ဟု သိရပါကြောင်း၊ ချေးငွေထုတ်ယူချိန်မှစ၍ ဆိုင်းငံ့ကာလအတွင်း ဝန်ဆောင်ခကိုလည်းကောင်း၊ ဆိုင်းင့ံကာလ ကုန်ဆုံးပြီးချိန်မှစ၍ ဝန်ဆောင်ခနှင့် အရင်းပြန်ဆပ်ငွေကို သုံးစွဲအကောင်အထည်ဖော်ဆောင်ရွက် သွားမည်
  • မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးကလည်း ချေးငွေရရှိသည်များကို ဗဟိုဘဏ်က သုံးစွဲမည့်အပိုင်းများကို လွှတ်တော်သို့ ရှင်းလင်းတင်ပြ
  • လွှတ်တော်ဥက္ကဌက ယင်းချေးငွေကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနို်င်ကြောင်းကြေညာ
  • ထို့နောက် ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား တင်သွင်း၊ လွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
  • အစည်းအဝေးတွင် လွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံမှပေးပို့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဦးဘိုဘိုငယ်၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး ကန့်ကွက်လိုသည့်ကိုယ်စားလှယ်များရှိပါကအမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၉) ကျင်းပ
  • အစည်းအဝေးတွင် ရေဘေးအန္တရာယ် ကျရောက်နေသော ဒေသများရှိိ ပြည်သူများကို ကူညီရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် တစ်ရက်စာကို ပေးလှူရန် လွှတ်တော်က သဘောတူညီကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ
  • အစည်းအဝေးတွင် ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေက ရမ်းဗြဲမြို့နယ်၌ပါဝင်သော စကုကျွန်းနှင့် မကျေးကျွန်းတို့တွင် တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်တစ်ခုစီ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြား
  • မိုးမောက်မဲဆန္ဒနယ်မှ ဦးဝင်းအောင်က မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ်တွင် သာမန်ရထားစီး ခရီးသွားပြည်သူများ အဆင်ပြေရေးအတွက် အမှတ် ၅၅၊၅၆ အစုန် အဆန် အထူးအမြန်ရထားနှင့် ၅၇၊ ၅၈ အစုန် အဆန် မန္တလာရထားကဲ့သို့ နောက်ထပ်မီးရထားခရီးစဉ်တစ်ခု ပြေးဆွဲရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြား
  • မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးသန်းဝင်းတင်သွင်းသည့် နိုင်ငံအဝန်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေး
  • ထန်းတပင်မဲဆန္ဒနယ်မှ ဦးနေမျိုးထွန်း၊ တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်သက်သက်ခိုင်နှင့် မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦးတို့က အဆိုကို ဆွေးနွေးခဲ့ကြ
  • အဆိုကို မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းနှင့် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းတို့က ပါဝင်ဆွေးနွေးခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၉)ကျင်းပ
  • ရန်ကုန်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေးတင်သွင်းသည့် နိုင်ငံတစ်ဝှမ်း သောက်သုံးရေ ရှားပါးမှုကိစ္စနှင့် တိမ်ကောမြစ်ချောင်းများကို ပြန်လည်တူးဖော်ပေးရေးနှင့် စပ်လျဉ်းသော အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • အဆိုကို ကချင်မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဂျေယောဝူ၊ မန္တလေးမဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၊ ရခိုင်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်နှင့် ရန်ကုန်မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး(ခ) သန်းစိုး(ဘောဂဗေဒ) တို့က ဆွေးနွေး
  • အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြားရှင်းလင်း၊ အဆိုကို မှတ်တမ်းတင်ထားသင့်ပါကြောင်း ဒုဝန်ကြီးကပြော
  • အဆိုကို အဆိုရှင်၏ဆန္ဒအရ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s