2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၁ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ရေဘေးသင့် ပြည်သူများအတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့(သြဂုတ် ၁၀) မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပ
  • လှူဒါန်းငွေကျပ် သိန်း ၁၅၀ ကို ပြည်သူ့လွှတ်တော်ဥက္ကဌက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ ပေးအပ်လှူဒါန်း
  • ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ရာ လွှတ်တော်ဥက္ကဌက လက်ခံ
  • အခမ်းအနားကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဌများ၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်
  • ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့လာသော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးကို ယနေ့(သြဂုတ် ၁၀) မွန်းလွဲ ၁ နာရီက ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပ
  • အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီဥက္ကဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌနှင့် ဒုဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ ဒုတိယရှေ့နေချုပ်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့မှ ဒုဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၀) ကျင်းပ
  • မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က မင်းကင်းမြို့နယ် ကနီ-မင်းကင်း-မြို့မလမ်းကြောင်းပေါ်ရှိ ပုထိုးလုံးချောင်းကို တံတားထိုးပေးရန်နှင့် ယင်းလမ်းကြောင်းကို ရာသီမရွေး သွားလာနိုင်သော လမ်းကြောင်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား
  • မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းဝင်းတင်သွင်းသည့် နိုင်ငံအဝှမ်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • အဆိုကို ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးအင်ထုံးခါးနော်ဆမ်နှင့် တနင်္သာရီမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဟိန်းတို့က ထောက်ခံဆွေးနွေး၊ ဆွေးနွေးတင်ပြမှုများနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌ ဦးမြဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေး၊ အဆိုကို မှတ်တမ်းအဖြစ် ထားရှိသင့်ပါကြောင်း ဆွေးနွေးတင်ပြ
  • အဆိုရှင် ဒေါက်တာသန်းဝင်းက အဆိုကို အတည်ပြုပေးပါရန်် ပန်ကြား၊ လွှတ်တော်ဥက္ကဌက လွှတ်တော်၏ သဘောထားဆန္ဒကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၇၀၊ ကန့်ကွက်မဲမရှိ၊ ကြားနေမဲမရှိဖြင့် အဆိုကို အတည်ပြု
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၀) ကျင်းပ
  • အစည်းအဝေးတွင် ရှမ်းမဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်နီနိုင်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် (၂၁)ရာစု ပင်လုံညီလာခံနှင့် စပ်လျဉ်း၍ သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဖြေကြား
  • မွန်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာက မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်း ဝေးလံသောဒေသများတွင် တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိမရှိမေးခွန်းနှင့်
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်က ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းများ နေထိုင်ရန်အတွက် အဆောက်အအုံရရှိရေးကို ပြည်ထောင်စုအစိုးရရန်ပုံငွေမှ ကူညီတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • ဧရာဝတီမဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရောင်နီအရက်ချက်စက်ရုံမှ စွန့်ပျက်ရေဆိုးများနှင့် ပတ်သက်သော မေးခွန်းကို မေးမြန်းရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဖြေကြား
  • ရှမ်းမဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်နီနိုင်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် (၂၁)ရာစု ပင်လုံညီလာခံနှင့် စပ်လျဉ်း၍ သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဖြေကြား
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ ဒေါက်တာဝင်းသိမ်းက နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s