2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၂ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၁) နံနက် ၁၀ နာရီတွင် ကျင်းပ၊ အစည်းအဝေးတွင် မေးခွန်း လေးခုမေးမြန်းခြင်းနှင့် အဆိုတစ်ခုတင်သွင်းခြင်းတို့ကို ဆောင်ရွက်
  • ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ရသေ့တောင်မြို့နယ်၌ ကိုယ်ထူကိုယ်ထ ပြုလုပ်တည်ဆောက်ထားသည့် မေယုအားမာန်ကြိုးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြား
  • သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်က ရန်ကုန်တိုင်းဒေသကြီးရန်ပုံငွေဖြင့် သန်လျင်မြို့နယ်အတွင်း လဟာယတ်ကမ်းပတ်တာ၊ ရွှေလှေ-ဖားကူး ကမ်းပတ်တာ၊ သာယာကုန်း- ဒေးဇာတ် ကမ်းပတ်တာစီမံကိန်းများ တည်ဆောက်ရာတွင် နိုင်ငံတော်က အသုံးပြုခဲ့သည့် လယ်ယာမြေများအတွက် နစ်နာသူတောင်သူလယ်သမားများကို လယ်ယာမြေနည်းဥပဒေအရ မြေ၊ သီးနှံနှင့် အဆောက်အအုံနစ်နာကြေးများ ပေးဆောင်ရန်ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြား
  • ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် လူမှုအဆင့်အတန်း မြင့်မားရေးအတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧကအထွက်နှုန်း မြင့်မားလာစေရန် စိုက်ပျိုးရေးနှင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေမည့် အစီအမံများအား ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းရာ ကဝမဲဆန္ဒနယ်မှ ဦးလှသန်းက ထောက်ခံဆွေးနွေး
  • လွှတ်တော်ဥက္ကဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၁)ကျင်းပ
  • လွှတ်တော်ကိုယ်စားလှယ်များက ၄င်းတို့၏ တစ်နေ့တာ နေ့တွက်စရိတ်ကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း၊ အလှူငွေများကို ရေဘေးသင့်ပြည်သူများ အသုံးပြုနိုင်ရန်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရ
  • အစည်းအဝေးတွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး၊ ဆွေးနွေးချက်များနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာရန် ဆုံးဖြတ်
  • ယင်းဥပဒေကြမ်းကို စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၊ ပဲခူးမဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်နှင့် တနင်္သာရီမဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိမ်းတို့က ဆွေးနွေး
  • ယင်းနောက် မြန်မာ့ပိုင်နက်ပင်လယ်ပြင်နှင့် ပင်လယ်ဇုန်များဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး၊ ဆွေးနွေးချက်များနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာရန် ဆုံးဖြတ်
  • ယင်းဥပဒေကြမ်းကို တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်ဖြိုးနှင့် ဧရာဝတီမဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းတို့က ဆွေးနွေး
  • အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s