2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၃ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်စည်းအဝေး ပဥ္စမနေ့ကို ယနေ့(သြဂုတ် ၁၂) ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ အတည်ပြုထုတ်ပြန်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အသေးစိတ် ရှင်းလင်းပြောကြား
  • ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တင်ပြသည့် ၂၀၁၆ ခုနှစ် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ရန် တင်ပြ၊ လွှတ်တော်နာယက က ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ အမည်စာရင် တင်သွင်းနိုင်ကြောင်း ကြေညာ
  • ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးတို့က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း(ပြင်ဆင်ချက်)နှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် ဥပဒေဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြ
  • နိုင်ငံတော်သမ္မတထံမှပေးပို့သည့် မြန်မာနိုင်ငံ ငွေရေးအကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၇)ဦးတို့က ဆွေးနွေး
  • လွှတ်တော်နာယက က လွှတ်တော်၏အဆုံးအဖြတ်ရယူရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဆဌမနေ့တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်ဗဟိုဘဏ်အဖွဲ့ဝင်အဖြစ် ဦးဘိုဘိုငယ်အား ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • လွှတ်တော်နာယက က မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စုအတွင်းရှိ မြေဧရိယာ (၉၃.၃၇)ဧကကို ဝါးဒတ်ကွင်းကျေးရွာအတွင်း တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s