2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၆ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၅) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနေဖြင့် နယ်နိမိတ်တိုင်းတာမှု မပြီးပြတ်သေးသော နိုင်ငံများနှင့် သံတမန် လမ်းကြောင်းများမှတစ်ဆင့် နှစ်ဖက်ညှိနှိုင်းပြီး တိုင်းတာသတ်မှတ်ရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ဖြေကြား
  • တောင်ဥက္ကလာမဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်က တောင်ဥက္ကလာပမြို့နယ်(၉)ရပ်ကွက်ရှိ အားကစားပန်းခြံအား ပြန်လည်ခွင့်ပြုပေးနိုင်ပါရန်နှင့် မည်သို့စီစဉ် ဆောင်ရွက်ထားရှိသည်ကို သိရှိလိုကြောင်း မေးခွန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား
  • သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုးက အမေရိကန်နို်င်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို တင်သွင်း၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်က ထောက်ခံဆွေးနွေး
  • အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၊ ထောက်ခံမဲ ၁၅၁မဲ၊ ကန့်ကွက်မဲ ၂၁၉မဲ နှင့် ကြားနေမဲ ၁၆ မဲရရှိသည့်အတွက် အဆိုကို လက်ခံဆွေးနွေးရန်မရှိကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၅)ကျင်းပ
  • အစည်းအဝေးတွင် စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၇)မှ ဦးခင်မောင်ဝင်းက စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်သစ်တောကြီးကို ရေရှည်တည်တံ့အောင် ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် သဘာဝနယ်မြေအဖြစ် သတ်မှတ်အကောင်အထည်ဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ပွင့်လင်းမြင်သာမှုမရှိဘဲ ဆောင်ရွက်လုပ်ကိုင်နေသည့်လုပ်ငန်းများကို တားဆီးပေးပါရန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအသစ် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြား
  • စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်က နိုင်ငံတော်ပိုင် ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော များကို ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုဖြင့် ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းကို ယခုအစိုးရလက်ထက်တွင် ခွင့်ပြု/မပြု သိရှိလိုကြောင်း မေးမြန်းရာ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ရှမ်းမဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနို်င်၏ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ကွက်များတွင် ဥပဒေမဲ့ အုပ်စုဖွဲ့ကျုးကျော်၍ ရေမဆေးကျောက် ရှာဖွေသူများနှင့်ပတ်သက်ပြီး ကုမ္ပဏီလုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s