2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၇ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၆) ကျင်းပ
  • အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက နိုင်ငံတော်က ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပချေးငွေများ၏ အခြေအနေမှန်ကို မဲဆန္ဒရှင်ပြည်သူများကိုယ်စား သိရှိလိုကြောင်း မေးမြန်းရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြား
  • လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းရာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ကော်မတီဝင် ဦးဇော်ဝင်းက အစီရင်ခံစာ ဖတ်ကြားရှင်းလင်း၊ လွှတ်တော်ဥက္ကဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်တင်သွင်းသည့် အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေစိုးမိုးရေး၊ ခိုင်မာသော နိုင်ငံတည်ဆောက်ရေးတို့အတွက် အဟန့်အတား အနှောင့်အယှက်ဖြစ်နေသောကြောင့် မှုခင်းကျဆင်းရေးကို အမြန်ဆုံးဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • အဆိုကို စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်နှင့် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးတို့က ထောက်ခံဆွေးနွေးခဲ့ကြ
  • အဆိုကို ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်နှင့် ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်တို့က ထောက်ခံဆွေးနွေးခဲ့ကြ
  • ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံက နှစ်စဉ်တစ်နို်င်ငံလုံး၏ စီမံကိန်းနှင့် ရသုံးမှန်းချေငွေစာရင်း ရေးဆွဲရာတွင် မည်သည့်မူဝါဒအရ ရေးဆွဲပြီး မည်သို့သောနည်းလမ်းဖြင့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်နေသည်ကို သိလိုကြောင်း မေးမြန်းရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၆) ကျင်းပ
  • မကွေးမဲဆန္ဒနယ်အမှတ်(၁၆)မှ ဦးဝင်းမောင်က မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း ကြံခင်း-ပခုက္ကူ မီးရထားလမ်းဖောက်လုပ်ရာတွင် မြေယာဆုံးရှုံးခဲ့သည့် တောင်သူ ၄၀၂ ဦး၊ စိုက်ပျိုးမြေ ၄၈၉ ဒသမ ၈၁ ဧကအတွက် နစ်နာကြေးနှင့် သီးနှံလျော်ကြေးငွေ စုစုပေါင်း ငွေကျပ် ၉၉၆၁၇၉၀၀၀ ကို ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားခဲ့
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက ရခိုင်ပြည်နယ်ရှိ ကလေးသူငယ်များ၊ ကျောင်းသား ကျောင်းသူများအပါအဝင် ပြည်သူများ၏ အသက်ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ် စောင့်ရှောက်သည့်အနေဖြင့် သက်ဆိုင်ရာက ရခိုင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးကို ယခုထက် ပိုမိုကောင်းမွန်အောင် လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် လတ်တလောရေကြောင်းခရီးကို အသုံးပြုနေကြသော ကျောင်းသားလူငယ်များ၏ အသက်အန္တရာယ်ကို ကာကွယ်ရန်အတွက် စက်လှေ၊ မော်တော်များတွင် အသက်ကယ်ဝတ်စုံများကို လုံလောက်စွာထားရှိပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနို်င်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နေ့စဉ်ထုတ်လွှင့်နေသော တိုင်းရင်းသားအစီအစဉ်တွင် နာဂတိုင်းရင်းသားအစီအစဉ် ထည့်သွင်းပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖြေကြား
  • နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရန်ကုန်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၊ မန္တလေးမဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦးနှင့် ရန်ကုန်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုးတို့က ဆွေးနွေး
  • ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်
  • အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူးဒါန်း
  • အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့(သြဂုတ် ၁၆) မွန်းလွဲ ၁၂ နာရီခွဲတွင် အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပ
  • အလှူငွေပေါင်း ငွေကျပ် သိန်း ၁၀၀ ကို လွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ ပေးအပ်လှူဒါန်း၊ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာကို အမျိုးသားလွှတ်တော်ဥက္ကဌထံ ပေးအပ်
  • အခမ်းအနားသို့ လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော်ရေးရာကော်မတီဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမမြောက်နေ့ကို ယနေ့(သြဂုတ် ၁၆) မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဌ ဦးကိုကိုနိုင်က ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများအလိုက် တာဝန်ခံဆောင်ရွက်ရမည့် ကျင့်သုံးဆဲဥပဒေများနှင့် စပ်လျဉ်း၍ ခေတ်ကာလအလိုက် ပြဌာန်းပြီးဥပဒေပေါင်း ၁၅၈၉ ခုရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများက တာဝန်ခံဆောင်ရွက်ရမည့်၊ စီမံခန့်ခွဲကိုင်တွယ် ကျင့်သုံးလျက်ရှိသည့် ကျင့်သုံးဆဲတည်ဆဲဥပဒေ ၃၉၇ ခုရှိပါကြောင်း
  • ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြ၊ ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာ
  • နိုင်ငံတော်သမ္မတထံမှပေးပို့သည့် မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရေးနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဆွေးနွေး
  • မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆက်လက်ရှင်းလင်းဆွေးနွေး
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအတွက် အမေရိကန်ဒေါ်လာ ရ၅ သန်း ချေးယူနို်င်ရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက စက်ခလုတ်နှိပ် ဆန္ဒပြု၊ ထောက်ခံမဲ ၄၉၂ မဲ၊ ကန့်ကွက်မဲ ၂၃ မဲ၊ ကြားနေမဲ ရ မဲဖြင့် လွှတ်တော်က အတည်ပြုကြောင်းနှင့်
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၂၅ သန်း ချေးယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက စက်ခလုတ်နှိပ်ဆန္ဒပြုကြရာ ထောက်ခံမဲ ၅၀၆ မဲ၊ ကန့်ကွက်မဲ ၁၃ မဲ၊ ကြားနေမဲ ၅ မဲတို့ဖြင့် လွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာ
  • နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က နိုင်ငံတော်သမ္မတထံမှပေးပို့သည့် နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြ၊ လွှတ်တော်နာယက က ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် အာဆီယံ-အိန္ဒိယ ဗဟိုဌာန တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၌ မြန်မာနို်င်ငံမှ ပါဝင်လက်မှတ်ထိုးရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးတို့က ဆွေးနွေး
  • ဆွေးနွေးချက်များနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြန်လည်ရှင်းလင်းဆွေးနွေး၊ လွှတ်တော်နာယက က ယင်းစာချွန်လွှာ၌ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်က သဘောတူကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s