2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၈ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၇) နံနက် ၁၀ နာရီတွင် ကျင်းပ
  • ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်တင်သွင်းသည့် အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေစိုးမိုးရေး၊ ခိုင်မာသော နိုင်ငံတည်ဆောက်ရေးတို့အတွက် အဟန့်အတား အနှောင့်အယှက်ဖြစ်နေသောကြောင့် မှုခင်းကျဆင်းရေးကို အမြန်ဆုံးဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ရှင်းလင်းပြောကြား
  • အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးတို့က ဆွေးနွေးခဲ့ကြရာ ပြည်သူ့လွှတ်တော်ဥက္ကဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၏ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်စေမည့် အစီအမံများအား ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေး
  • အဆိုကို ယနေ့တွင် ရွှေတောင်မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦးနှင့် ဒဂုံမဲဆန္ဒနယ်မှ ဒေါ်သက်သက်ခိုင်တို့က ဆွေးနွေးခဲ့၊ လွှတ်တော်ဥက္ကဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာ
  • အစည်းအဝေးတွင် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ပုလဲမြို့နယ်ရှိ လှိုင်းချောင်းတမံ အပြီးဖျက်သိမ်း၍ နစ်နာခဲ့ရသည့် တောင်သူများကို နစ်နာကြေးပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြား
  • ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်က ကသာမြို့နယ်တွင် ရွှေလီတာပေါင်ပြုပြင်တည်ဆောက်ရေးနှင့် တာပေါင်ထိခိုက်မှုမှ ကာကွယ်ရန် ပိတောက်ကုန်း၊ ရွှေလီတာပေါင် ရေထွက်ပြွန်နှစ်ခု တည်ဆောက်ရေး တို့အတွက် အစီအစဉ်ရှိမရှိ မေးမြန်းရာ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၇) ကျင်းပ
  • အစည်းအဝေးတွင် ချင်းမဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်းက ချင်းပြည်နယ်တွင် အခြေခံအထက်တန်း၊ အလယ်တန်း၊ မူလတန်းဆရာဆရာများ၊ ကျောင်းအုပ်ကြီးအပါအဝင် ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခန့်ခြင်းများကို နွေရာသီကျောင်းပိတ်ချိန်တွင် ပြုလုပ်ပြီး နှစ်စဉ် မေလ ၂၅ ရက်နေ့တွင် အလုပ်ဝင်ရောက်နိုင်ရန် ပြုလုပ်ပေးနိုင်မည့် အစီအစဉ်ရှိ၊ မရှိနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများကို အခြေခံပညာဦးစီးဌာနတွင် ဆရာ ဆရာမများအဖြစ် ခေါ်ယူရန်အတွက် စဉ်းစားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းဖြေကြား
  • ချင်းမဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်က ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(ခွဲ)များ မရရှိသေးသော ကျေးရွာများတွင် ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်ပေးရန်နှင့် ဆရာ ဆရာမများ လစ်လပ်နေသော ကျောင်းများတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း အချိန်မီချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ဖြေကြား
  • မန္တလေးမဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းက တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီဖျက်သိမ်းပြီးနောက်ပိုင်းတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှနေ၍ တရားမဝင်သွင်းကုန်များကို ပိုမိုတင်သွင်းလာကြခြင်းနှင့် ပြည်တွင်းမှ အဖိုးတန်ထွက်ကုန်များကို ပိုမိုပို့ဆောင်နေကြခြင်းများကို တားဆီးထိန်းချုပ်အရေးယူနိုင်ရန် စီမံဆောင်ရွက်ထားခြင်းရှိ၊ မရှိ မေးမြန်းရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ရှင်းလင်းဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s