2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၉ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၈) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခ) ဦနေမျိုးက မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ အန္တရာယ်အဆောက်အအုံအဖြစ် သတ်မှတ်ထားသော ညောင်ရွှေမြို့ အထက(၁) ကျောင်းဆောင်အား ကျောင်းဆောင်သစ်အဖြစ် မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိလိုကြောင်း မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက လှိုင်မြို့နယ် (၁၂)ရပ်ကွက် မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်ရှိ တက္ကသိုလ်ဆရာဆရာမများ ရိပ်သာအပါအဝင် ပညာရေးဝန်ကြီးဌာနပိုင် မြေနေရာတွင် ဆောက်လုပ်နေသော အဆောက်အအုံများအား မည်သို့ စီမံဆောင်ရွက်ထားသည်၊ ပညာရေးဝန်ထမ်းများအား မည်သို့နေရာချထားပေးမည်နှင့် ဆောက်လုပ်ခွင့်ရကုမ္ပဏီနှင့် မည်သို့သဘောတူထားသည်ကို သိလိုကြောင်းမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၏ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်စေမည့် အစီအမံများအား ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • အဆိုကို ဗိုလ်မှူးဇင်မျိုးလတ်နှင့် ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦးတို့က ဆွေးနွေး၊ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက အဆိုကို အတည်ပြုပေးနိုင်ရန်တင်ပြရာ လွှတ်တော်ဥက္ကဌက အဆိုကို အတည်ပြုကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၁၈) ကျင်းပ
  • အစည်းအဝေးတွင် ရှမ်းမဲဆန္ဒနယ်အမှတ်(၉)မှ ဦးခွန်သိန်းဖေက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာအုပ်စု (၇)အုပ်စုမှ ပြည်သူများအတွက် (မိုင်းပျဉ်း-ဖာလဲ)တွင် (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ရုံကို လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ပဲခူးမဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၏ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံကို ခုတင်(၅၀)ဆံ့ စံကိုက်ဆေးရုံအဆင့် တိုးမြှင့်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ချင်းမဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံကို အသစ်ဆောက်လုပ်ပေးပြီး ခုတင် (၁၀၀)ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ဆမီးမြို့တွင် (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • မန္တလေးမဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ်က မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးကို ခုတင်(၂၀၀)ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် လစ်လပ်နေသောကျန်းမာရေးအမှုထမ်း၊ အရာထမ်းများကို အမြန်ဆုံးခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s