2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၀ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမမြောက်နေ့ကို ယနေ့(သြဂုတ် ၁၉) နံနက် ၁၀ နာရီတွင် ကျင်းပ
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကာလလတ်ကြွေးမီစီမံခန့်ခွဲမှု မဟာဗျူဟာ အတည်ပြုထုတ်ပြန်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကယားမဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်သက်သက်ခိုင်တို့ကဆွေးနွေး
  • ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဆွေးနွေး၊ လွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့််မှန်းခြေငွေစာရင်းပြင်ဆင်ခြင်း နှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုနှင့် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေး
  • နိုင်ငံတော်သမ္မတထံမှပေးပို့ထားသည့်  နျူကလိယားဓာတ်ပစ္စည်းနှင့် နျူကလိယားအဆောက်အအုံများ အား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပြုမှု ပဋိညာဉ်တွင် လိုက်နာကျင့်သုံးသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းပြောကြား
  • ထို့နောက် လွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွှန့်က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူးကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြရာ လွှတ်တော်နာယက က ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s