2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၃ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၂၂) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် ရေနံချောင်းမဲဆန္ဒနယ်မှ ဦးသာချို(ခ) ဦးတင်ကြိုင်က ရေနံချောင်းမြို့နယ် ဂွေးကုန်း-ဝက်ချုပ်-နတ်မောက်မြို့နယ်ချင်းဆက်လမ်းအား ကျောက်ချောလမ်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလမ်းမှ ကတ္တရာလမ်း၊ လမ်းဦးစီးပိုင်အဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြား
  • စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်းက စစ်ကိုင်းမြို့ ဆင်တပ်တွင် အစိုးရသစ်လက်ထက်တွင် သတ်မှတ်ခဲ့သော စီမံကိန်းအကျိုးပြုဧက ၆၅၀၀ ကို စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်အောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြား၏
  • သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်က သရက်မြို့နယ် ရေမျက်-ပုဏ္ဏားလမ်းပေါ်ရှိ တွင်းလည်ကျေးရွာနှင့် အုတ်ဖိုကျေးရွာတို့အကြား ရာသီမရွေးသွားလာနိုင်သည့် အရှည်ပေ ၂၉၀ ရှိသော ပနီချောင်းကူးတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြား
  • အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း(၇) ပုဒ်မ ၂၁(ဂ)အရ ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သောကော်မရှင် အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေနှင့် စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်း
  • အဆိုကို အမရပူရမဲဆန္ဒနယ်မှ ဦးစိုးမြင့်(ခ)ဦးအောင်ကျော်မြင့်က ထောက်ခံဆွေးနွေး၊ လွှတ်တော်ဥက္ကဌက အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာ၊ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၂၂) ကျင်းပ
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်က စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမပေါ်တွင် တည်ရှိပြီး ဟောင်းနွမ်းပျက်စီးလာပြီဖြစ်သည့် မြောက်ဦးမြို့နယ်ရှိ တိန်ညိုချောင်းကူးတံတားကို နှစ်လမ်းသွား သံကူကွန်ကရစ် တံတားသစ်အဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြားခဲ့
  • ဧရာဝတီမဲဆန္ဒနယ် အမှတ်(၄)မှ ဦးထိန်ဝင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နှင့် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် သာရဝေါကျေးရွာတို့ကို ဆက်သွယ်ပေးမည့် ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ရှမ်းမဲဆန္ဒနယ် အမှတ်(၂)မှ ဦးစိုင်းထွန်းအောင်က ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသဖြင့် ရွေးကောက်ပွဲ ရပ်ဆိုင်းထားခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ်တို့အတွက် ၂၀၁၆ ခုနှစ်အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ဖြေကြား
  • ရှမ်းမဲဆန္ဒနယ် အမှတ်(၅)မှ ဦးညီစိန်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆည်မြို့တွင် မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ၊ မူဆယ်မြို့နှင့် စယ်လန့်ကျေးရွာ ဆက်သွယ်ထားသော မော်တော်ကားလမ်းတွင် တရုတ်ကုန်တင်ကားများ ဖြတ်သန်းသွားလာခွင့်ပြုသင့်၊ မပြုသင့်နှင့် မူဆယ်- နမ့်ခမ်းလမ်းအား အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ပဲခူးမဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက ၁၉၇၃ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူကြောင်းနှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲပြောင်းပေးအပ်ကြောင်း ဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s