2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၄ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမမြောက်နေ့ကို ယနေ့(သြဂုတ် ၂၃) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် အာဆီယံဘက်စုံရင်းနှီးမြုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ထိုးရေး ကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်ပြရှင်းလင်း
  • လွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော််မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့၏ အစီရင်ခံစာပါ မူနှင့် အခြေခံသဘောအကြောင်းအရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘောဆွေးနွေးခြင်း များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး
  • ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ကော်မတီအစီရင်ခံစာတွင် ပါဝင်သည့် စိစစ်လျော့ချသည့် သုံးငွေများအပေါ် တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်
  • ဒုဥက္က ဦးအောင်မင်းက ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့စသည့် ဗဟိုအဖွဲ့အစည်းများ၏ သုံးငွေများနှင့်စပ်လျဉ်း၍ မူလအဆိုပြု ပြဌာန်းချက်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ရန် အဆိုတင်သွင်း၊ လွှတ်တော်က ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်နာယက က အဆိုကို အတည်ဖြစ်ကြောင်း ကြေညာ
  • လွှတ်တော်နာယက က ပြည်ထောင်စုဝန်ကြီးဌာနများ၏ သုံးငွေများနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း ကြေညာ
  • ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများထဲမှ လျော့ချခွင့်ပြုရန် အဆိုတင်သွင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ယင်း ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ စိစစ်လျော့ချသည့် ဝန်ကြီးဌာနများ၏ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များနှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူ
  • လွှတ်တော်နာယက က စက်ခလုတ်နှိပ် မဲပေး၍ လွှတ်တော်၏ဆန္ဒကို ရယူပြီး အဆိုအတည်ဖြစ်ကြောင်း ကြေညာ
  • ထို့နောက် ယင်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ ဥပဒေဆိုင်ရာ ပြင်ဆင်ချက်များအပေါ် ကော်မတီဝင် ဦးအောင်ကြည်ညွှန့်က တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်က အတည်ပြုပေးနိုင်ရန် အဆိုတင်သွင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၏ အဆုံးအဖြတ်ကို နာခံမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြ
  • လွှတ်တော်နာယက က ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်သွားမည်ဖြစ်ကြောင်း ကြေညာ
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယင်းဥပဒေ(မူကြမ်း) တစ်ရပ်လုံးအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနို်င်ပါရန် အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် နျူကလိယားလက်နက် စမ်းသပ်ဖောက်ခွဲမှုအလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရေးကိစ္စနှင့် စပ်လျဉ်း၍ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်နှင့် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက ဆွေးနွေး
  • ဆွေးနွေးချက်များနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ယင်းစာချုပ်တွင် အတည်ပြုပါဝင်သင့်ကြောင်းကို ရှင်းလင်းတင်ပြ၊ လွှတ်တော်နာယက က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်းကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s